ကျွန်တော်လဲအဝတ်လဲပြီး အပြင်ထွက်ပြီးအခြေနေကြည့်ပြီးလှေကားတွေ့တာနဲ့ အောက်ဆင်းလာလိုက်သည် ။
အောက်ထပ်ရောက်တော့ဧည့်ခန်းမှာ
ကျွန်တော်ကိုအစားလာလာပို့ပေးတဲ့ အဒေါကြီးကိုတွေ့သည် ။အဒေါကြီးကထမင်းစားခန်းဘက်သို့ညွှန်ပြဟန်ပြုနေသည်။
ကျွန်တော်လဲ ထမင်းစားခန်းထဲသို့ဝင်သွားလိုက်သည်။
အဒေါကြီးကကျွန်တော်ထမင်းစားခန်းထဲဝင်တာနဲ့
နောက်ကလိုက်လာသည်။ထမင်းစားခန်းထဲမှာလူတစ်ယောက်ကိုတွေ့သည်။
"ကောင်လေးထိုင်လေ "
အဒေါကြိးကမနက်စာစားဖို့လာချပေးသည်။
"ခင်ဗျားကဘယ်သူလဲကျွန်တော်ကိုဘာလို့ဒိနေရာ
မှာဖမ်းထားတာလဲ ""မင်းမေးခွန်းတွေကများလိုက်တာ တစ်ခုချင်းမေးပါကွာ "
"ခင်ဗျားကဘယ်သူလဲ "
"ငါလား ငါကငါပေါ့ဟ "
"ဟာဒိလူ "
"ထားတော့ ကျွန်တော်ကိုဘာလို့ဒိနေရာမှာ ဖမ်းထားတာလဲ ကျွန်တော်ခင်ဗျားကိုလဲမသိဘူး
ခင်ဗျားနဲ့ကျွန်တော်ရန်ကြွေးလဲမရှိဘူး ""မင်းကတော့ငါကိုဘယ်သိမလဲ ဒါပေမဲ့မင်းအမေကတော့ငါကိုယ်ကောင်းကောင်းကြီးသိတယ် "
"ကျွန်တော်အမေကခင်ဗျားကိုသိတယ် "
"ဟုတ်တာပေါ့ မင်းအမေမတည်နိုင်တဲ့ဂတိအတွက်မင်းကိုဒဏ်ခက်ထားတာ "
"ဘာတွေလဲဗျာ ကျွန်တော်ကိုရှင်းအောင်ပြောပြ "
"ငါနာမည်ကရန်နိုင်တနည်းအားဖြင့်မင်းအမေ
လပ်ထပ်ပါ့မယ်ပြောပြီး ပစ်သွားတဲ့ကောင်ပေါ့ ""ဒိမယ်အဲကိစ္စကပြီးတာကြာပြီလေ ပြီးတော့ကျွန်တော်နဲ့ဘာဆိုင်လဲ "
"အိုးဟိုး......"
ရန်နိုင်တစ်ယောက် ထိုင်နေတဲ့ခုံကနေထလာပြီး
သက်လျှံထိုင်နေတဲ့နေရာဆီရောက်လာသည်။"ဆိုင်တာပေါ့ကောင်လေးရ သားအချစ်မြေးအနှစ်တဲ့ မင်းအမေက မင်းကိုအရမ်းချစ်တာ လေ "