P-7

243 4 0
                                    

"အား...ကျွစ်ကျွစ်"

ရေစက်နီးနားတစ်ခုမှာနိုးလာသောသက်လျှံ
သူနဲ့မနီးမဝေးရေလယ်လောက်မှာ ဦးရန်နိုင် သတိတော့မရသေး...။

သက်လျှံ...ဦးရန်နိုင်ဆီ အပြေးလွှားပြီး
သွားကြည့်တော့ဦးရန်နိုင်ညာဘက်ခြေထောက်မှာ
သစ်ငုတ်တိုအကြီးကြီးစိုက်နေသည်...။

ဦးရန်နိုင်ကို ကုန်းပေါဆွဲတင်လာသည်... ။

ဥိးရန်နိုင်သတိမရသေးတာနဲ့တောထဲမှာထင်းနဲ့စားစရာသွားရှာသော သက်လျှံ....။

သက်လျှံထွက်သွားပြီးခနအကြာ...ဦးရန်နိုင်သတိရလာသည်...။

သတိရရခြင်းသူထဖို့လုပ်တော့ ..သူခြေထောက်မှာသစ်ငုတ်တိုစိုက်နေတာသူတွေ့လိုက်သည်...။

"ကောင်းကျိူးမပေးတဲ့သားအမိ..."

သူပြောတုန်းရှိသေး ထင်းတွေနဲ့ သစ်သီးအချို့
ရှာပြီးပြန်ရောက်လာသောသက်လျှံ .....။

"မင်း.......သေသွားရမှာ"

"ကျွန်တော်သေသွားရင်ခင်ဗျားအတွက်ပိုခက်ခဲသွားမှာနော် "

ထဖို့ကြိုးစားနေသော ဦးရန်နိုင်

"ဒဏ်ရာကြီးနဲ့ထဖို့ကြိုးစားမနေနဲ့ "

သက်လျှံ....ဦးရန်နိုင်အနာကို
ဆေးထည့်ပေးဖို့ ဆေးရွက်ခူးလာသည်။

*ဆေးရွက်ကဘီးစိုင်းရွက်ပါ အချို့နေရာတွေဘယ်လိုအရွက်ခေါလဲမသိငယ်ငယ်ကဆော့လို့အနာတရဖြစ်ရင်တံတွေးနဲ့ထွေးပြီး အုံလိုက်ရင်ပျောက်ဘဲ...*

သက်လျှံတစ်ယောက်တောထဲမှာ ဦးရန်နိုင်အိပ်နေတဲ့အချိန် ထင်းတွေအစားစားတွေ သွားရှာပြီးပြန်ယူလာတဲ့အပြင် သောက်ရေပါခပ်လာသည်
ရေခပ်စရာကဘေးကတွေ့တဲ့ ကျိုးနေတဲ့ဝါးလုံးခေါင်းကြီးကိုလက်နဲ့ချိုးပြီးသောက်စရာအနည်းငယ်ကိုထည့်ထားတာဖြစ်သည်...။

"ခင်ဗျားအနာကဒိအတိုင်းထားလို့မရဘူးနော်
ပိုးဝင်သွားလိမ့်မယ် "

"ဒိအတိုင်းထားလို့မရတော့ငါတို့ကတောထဲမှာလေဘာလုပ်လို့ရမှာလဲ "

"ကျွန်တော်ခင်ဗျားအနာကိုဆေးထည့်ပေးမယ်"

"ငါကမင်းကိုဘာလို့ယုံရမှာလဲ..."

"မင်းငါကို ပိုးဝင်ပြီးသေအောင်လုပ်ရင်ဘယ်လိုလုပ်မလဲ"

"ခင်ဗျားဒဏ်ရာကကျွန်တော်ပိုးဝင်​အောင်မလုပ်လဲသူဘာသာပိုးဝင်ပြီးသေမှာဘဲ ခင်ဗျားစကားအရမ်းများဘဲခင်ဗျားမှရွှေးချယ်ခွင့်မရှိိဘူးဒိ
တောထဲမှာခင်ဗျားနဲ့ကျွန်တော်၂ယောက်ဘဲရှိတယ်"

သစ်ငုတ်ကိုဆွဲနုတ်ဖို့လုပ်နေသောသက်လျှံ..။

"မင်းဘာလုပ်တာလဲ "

"အဲသစ်ငုတ်ကိုဆွဲမနုတ်ဘဲဘယ်လိုဆေးထည့်မလဲ"

သစ်ငုတ်တိုကိုထိတာနဲ့အံကြိတ်နေသော ဦးရန်နိုင်...။

"အမယ် လူမိုက်ကြီးကနာတတ်သေးသားဘဲ."

"သစ်ငုတ်စိုက်နေတာမင်းအမေလင်စိုက်နေတာမဟုတ်ဘူးနာတာပေါ့ကွာ....."

"ခင်ဗျားကျွန်တော်လုပ်တုန်းကကောမနာဘူးထင်လား..."

ဦးရန်နိုင်စကားတိတ်သွား....။

"ခဏသည်းခံထားနော် "

သစ်ငုတ်တိုကိုသက်လျှံစနုတ်ထဲကဦးရန်နိုင်
အံတွေကြိတ်နေသည်...။

သက်လျှံသစ်ငုတ်တိုကိုတစ်ချက်ထဲအပြီးပါလာအောင်ဆွဲနုတ်လိိုက်သည်...။

"အား....!!!"

ဦးရန်နိုင်အော်သံကတစ်တောလုံးကိုဖုံးလွှမ်းသွားသည်...။

"ပြီးသွားပြီဆေးထည့်ဖို့ဘဲကျန်တော့တယ် "

သူကစကားပြောနေပင်မဲ့ဦးရန်နိုင်ကတော့
သတိမေ့နေသည်။

"ဒိလူ ကတော့ အသည်းကလဲငယ်လိုက်တာ "

ဦးရန်နိုင်အနာကိုဆေးထည့်ပြီး သူအပေါကိုအိမ်ကျီကို၂ခြမ်းဖြဲ့လိုက်ပြီးဦးရန်နိုင်ရဲ့
အနာကိုသေချာလေးစည်းပေးလိုက်သည်....။

အနာဆေးထည့်ပေးပြီးတော့နေဝင်ရိရောအချ်ိန်ဖြစ်နေပြီ.....အိပ်ဖို့အိမ်ဆောက်ပြင်ရတော့သည်။
ငှက်ပျော်ရွက်ကိုအောက်ခင်းပြီးအ​ပေါကနေ ဘေးကကျိုးနေတဲ့ခိုင်ခံတဲ့သစ်လုံးတွေနဲ့ဝါးတွေကိုအပေါကိုဆုံထောက်လိုက်သည်
ပြီးရင်အလယ်ကိုခိုင်ခံအောင်နွယ်ကြိုးတွေနဲ့
ပတ်ချည်ထားလိုက်သည် ​ချည်ထားတဲ့အပေါကို
ထန်းလျှက်တင်ကာလိုက်သည်...။
ထန်းပင်က ထန်းပုအမျိူးအစားဖြစ်သည်...အကြောင့်အလွယ်တကူ သက်လျှံတစ်ယောက်အုန်းလက်တွေကိုခူးလို့ရခဲ့သည်။

ဆောက်လို့ပြီးတော့ ဦးရန်နိုင်ကို တဲထဲထည့်ပြီးအပြင်ထွက်မီးမွှေးနေသည် မိးခြစ်မပါလာတော့ကျောက်ခဲ၂လုံးကိုပွတ်တိုက်ပြီးမိးရရအောင်မနည်းကြိုးစားယူလိုက်သည်...။

မျှော်

ချစ်သက်ကျွန်Where stories live. Discover now