CH- 4

2.7K 244 3
                                    

အခန်း ၄ အစ်အောက်ခြင်း

ပင်မခန်းမကြီးက ကျယ်ပြီး နေရာလွတ်အများကြီးရှိနေသည်။ ထိုကြောင့် အန်းရွှယ်၏ စကားများက ပဲ့တင်ထပ်နေပုံရပြီး သူ၏ ဘာမှမထူးခြားသော မျက်နှာမှာ ခံစားချက်မဲ့နေသေးသည်။

လဲ့ကျစ်က ဟော်တူကို ကြည့်ပြီး သူမည်သို့ တုံ့ပြန်မည်ကို သိလိုနေသည်။

အန်းရွှယ်က သူ့အရင်းနှီးဆုံး ကိုယ်ရံတော်ဖြစ်ပုံရတော့ သူ ခွင့်ပြုမှာလား။

ဟော်တူက သူမ အံ့သြနေတာကိုကြည့်ပြီး ရယ်မောကာ သူ့မျက်လုံးများကို မော့ကြည့်သော်လည်း အံ့သြပုံမပေါ်သလို အကြောင်းပြချက်ကိုလည်း မမေးခဲ့ပေ။ သူက "ရတယ်၊ စည်းမျဥ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း သိတယ်မှတ်လား"

ဒါကိုကြားတော့ အန်းရွှယ်ရဲ့အမူအရာက စိတ်သက်သာရာရသွားသလိုနဲ့ မျက်နှာကြောလျော့သွားသည်။ သူက ခေါင်းငြိမ့်ပြပြီး "ဟုတ်ကဲ့"ဟု ပြောကာ လှည့်၍ ကျေးဇူးမတင်ဘဲ ထွက်သွားလေသည်။

ဟော်တူက လဲ့ကျစ်ကို ဘေးတိုက်ကြည့်လိုက်သည်။ သူမက မှင်သက်နေပြီး သူမမျက်နှာတွင် နားမလည်နိုင်မှုများနှင့်ပြည့်နေသည်။ သူမ အံသြသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

သူနှင့် သူ့လက်အောက်မှ ငယ်သားများမှာ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ သူက သူကို သူတပါးက တောင်းပန်တာကို မကြိုက်သလို တခြားသူတွေကို တောင်းပန်ရတာကိုလည်း မကြိုက်ဘူး။ "တောင်းပန်" ဟူသော စကားလုံးသည် အသုံးမဝင်ဆုံးဖြစ်သည်။

သူက တန်ရာတန်ကြေးနဲ့ ဖလှယ်ရတာကိုပဲ နှစ်သက်သည်။ မည်သူမဆို သူ့ထံမှ တစ်စုံတစ်ရာကို ရယူလိုလျှင် တူညီသောတန်ဖိုးတစ်ခုနှင့် လဲလှယ်ရပေမည်။ ပေးရတဲ့ဈေးနဲ့ တန်တာကိုပဲ ရနိုင်သည်။ ဒါက အရမ်းတရားမျှတသည်လေ။

ဒါပေမယ့်... ဟော်တူက သူ့နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ပြီး သူ့ဘေးနားက လူကို ကြည့်လိုက်သည်။

ယနေ့အချိန်တွင် တိုင်းပြည်ငါးခု ကွဲနေကာ မျိုးနွယ်စုသုံးစုသည် ချီတိုင်းပြည်နှင့် ဆက်စပ်နေသည်။ လီတိုင်းပြည်က စေတနာတရား၊ အကြင်နာတရားဖြင့် အုပ်ချုပ်သည်ဟု လူတိုင်းက ပြောခဲ့ကြသည်။ လီတိုင်းပြည်၏ သာမန်လူများပင်လျှင် အခြားလူမျိုးများနှင့် ဆက်ဆံရာတွင် ရင်းနှီးဖော်ရွေကြသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now