CH- 61

1.7K 162 3
                                    

အခန်း ၆၁ ချော့မော့ခြင်း

ကုတင်ကန့်လန့်ကာ တစ်ဘက်က တွဲလောင်းကျနေပြီး တစ်ဖက်က ချိတ်ဆွဲထားသည်။ လဲ့ကျစ်က တည်ငြိမ်သွားသောအခါ ဟော်တူ၏ ရင်ခွင်ထဲမှ ထွက်လိုက်ပြီး သူမ၏ မျက်လုံးများက ချက်ချင်းပင် ဘေးနားရှိ လူ၏‌ခြေသလုံးနှစ်ဘက်ပေါ်သို့ ကျရောက်သွားသည်။ အ၀တ်အထည်များမှတဆင့် သူ၏အေးမြသော ခန္ဓာကိုယ်အပူချိန်ကို ခံစားလိုက်ရသည်။ ထို့နောက် သူမက မသိစိတ်ဖြင့် သူမ၏ နှုတ်ခမ်းများကို သူမ၏ လက်ချောင်းများဖြင့် ပြန်ပွတ်သပ်ကြည့်နေသည်။ နွေးထွေးမှုက စွဲမြဲနေဆဲပင်။

"သတိရပြီလား" ငြိမ့်ညောင်းသော လေသံက ထွက်ပေါ်လာသည်။

လဲ့ကျစ်က မယုံနိုင်စွာနဲ့ ခေါင်းကို လှည့်ကာ သူကို စိုက်ကြည့်လိုက်သည်။ သူက သူမကဲ့သို့ပင် သူ့နှုတ်ခမ်းကို လက်ချောင်းများဖြင့် ဖိထားသည်။

စျေးပေါပေါနဲ့ ရောင်းချင်နေပြီး ဆော့ကစားချင်နေတယ်ပေါ့....

"ဒီနေ့ အကြွေး ဆပ်ရမှာလား" သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး နီမြန်းနေသော ပါးပြင်များကို မော့လိုက်ကာ သူ့အင်္ကျီလက်ဝကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ကာ "အရှင့်သား.... ပြန်သွား....!"

ဟော်တူက သူမကို စိုက်ကြည့်နေပြီး သူမ၏ စူပုတ်နေသော အသွင်အပြင်ကြောင့် အလွန် သဘောကျနေသည်။ တဖြည်းဖြည်းနဲ့ သူ့၏အေးစက်နေသော မျက်လုံးများထဲတွင် အပြုံးများ ပေါ်လာသည်။

သူက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲကို ညင်သာစွာ ဆွဲခေါ်ကာ "မင်းက ကိုယ့်ကို မောင်းထုတ်နေတာလား"ဟု အပြုံးချိုချိုလေးနဲ့ မေးလိုက်သည်။

လဲ့ကျစ်က သူမ၏ လက်ဖဝါးဖြင့် သူ့ရင်ဘတ်ကို တွန်းထုတ်ရန် ကြိုးစားနေသော်လည်း အသုံးမဝင်ကြောင်း တွေ့ရှိပြီးနောက် သူမက ရိုးရိုးရှင်းရှင်းပင် ရပ်တန့်လိုက်သည်။

"ကျွန်မက အရှင့်သားထိုက်ဇီကို ဘယ်လို မောင်းထုတ်ရဲမှာလဲ" သူမက မျက်နှာကို ရှုံ့ကာ ပြောလိုက်သည်။

သူက အမြဲတမ်း မှန်းဆ၍ မရပေ။

သူ ဒေါသထွက်ချင်တဲ့အခါ ဒေါသတွေထွက်နေပြီး ကျီစားချင်တဲ့အခါ ကျီစားနေပြန်သည်။ သူလုပ်ချင်တာကိုပဲ အမြဲလုပ်နေတာလေ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now