CH- 19

2.3K 217 2
                                    

အခန်း ၁၉ ချိုမြိန်မှု

ရတနာခန်းမတွင် မွှေးပျံ့နေသော စန္ဒကူးနံ့သာ အများအပြားကို မီးရှို့ထားသည်။ ထိုကြောင့် အပူပေးမီးဖိုမရှိသော်လည်း လူကို အနည်းငယ်နွေးထွေးစေနိုင်သည်။

လဲ့ကျစ်က ရှေးဟောင်းစင်တစ်ခု‌‌ရှေ့တွင်(Bogu shelf*) ကျောက်စိမ်းဖြူတုတ်ကောက်တစ်ချောင်းဖြင့် ရပ်နေသော ဟော်တူကို မြင်လိုက်ရပြီး သူ ဘာကို ကြည့်နေသည်ကို မတွေးနိုင်ပေ။ သူမက သူ့နံဘေးသို့ ဖြည်းညှင်းစွာလျှောက်လာပြီး စင်၏ ပဉ္စမအလွှာဆီသို့ကြည့်နေသော သူ့အကြည့်အတိုင်း လိုက်ကြည့်ခဲ့သည်။

(Bogu shelf* - အိမ်တွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် ရတနာများကို ပြသရန်အတွက် အလွှာမျိုးစုံရှိသော သစ်သားစင်များ)

အတွင်းတွင် တောက်ပသော ပုလဲနှစ်လုံးပါသည့် လက်ရာမြောက်သော မဟော်ဂနီသေတ္တာတစ်လုံး ရှိနေသည်။

လဲ့ကျိ၏မျက်နှာသည် မည်းမှောင်သွားသည်။ တောက်ပသောပုလဲများသည် ဟော်ရှ၏အကြိုက်ဆုံးစုဆောင်းမှုဖြစ်သည်။

ဟော်တူက မဟော်ဂနီသေတ္တာကို အမှတ်တမဲ့ ဖြုတ်ချလိုက်ပြီး "ဒါကို တတိယညီတော်ရဲ့ မင်္ဂလာပွဲအတွက် ပေးရင် ဘယ်လိုလဲ"

တောက်ပသောပုလဲများ၏အလင်းရောင်က ပျော့ပျောင်းနေသော်လည်း ထိုအရာကို ကြည့်သောအခါ လဲ့ကျစ်၏မျက်လုံးများက အနည်းငယ်နာကျင်နေလေသည်။ ဟော်ရှအတွက်ဆိုရင် အရမ်းကောင်းလွန်းနေတယ်...

"အလဟသ ဖြစ်လိမ့်မယ်" သူမက ပြောနေရင်း သစ်သားသေတ္တာကိုယူကာ မူလနေရာတွင် ပြန်ထားလိုက်သည်။

"လဲ့ကျစ်" ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်နေပြီး သူမလက်ကောက်ဝတ်ကို ကိုင်ဖို့ သူ့လက်ကို ဆန်ု့လိုက်ကာ "မင်းက အရမ်းတွန့်တိုလွန်းတယ်"

သို့သော် ထိုခွေးသည် ထိုအရာနှင့် တကယ်ကို မထိုက်တန်ပေ။

လဲ့ကျစ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ရွေးချယ်မှုကို ဆက်လက်လုပ်ဆောင်ရန် ဟော်တူကို ကူညီခဲ့သည်။ ရတနာခန်းမတွင် ရတနာများစွာရှိနေသည်။ သူနှင့် ငယ်စဉ်ကတည်းက ဆယ်နှစ်ကျော် ချစ်သူဖြစ်ခဲ့သော လဲ့ကျစ်က ဟော်ရှ၏ အကြိုက် နှင့် မကြိုက်သောအရာများကို ကောင်းကောင်းသိသည်။ ထို့ကြောင့် ဟော်ရှ မကြိုက်ဆုံး ရွှေအသုံးအဆောင်များနှင့် ကျောက်စိမ်းဝိုင်အိုးကို တမင်တကာ ရွေးချယ်ခဲ့သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now