CH- 81

1.6K 164 17
                                    

အခန်း ၈၁ လပြည့်နေ့

လဲ့ကျစ်က ဖောက်ထွင်းမြင်ရလောက်အောင် ကြည်လင်နေသော ကျောက်စိမ်းဆွဲသီးအဖြူလေးကို သူမ၏ခါးတွင် ချည်ထားသည်။ ဦးလေးရင်ပေးလိုက်သော ကျောက်စိမ်းဆွဲသီး၏အသုံးဝင်ပုံကို သူမ မသိသော်လည်း အရာအားလုံးကို အကောင်းဆုံးအသုံးချရမည်ဟူသော နိယာမကို သူမ နားလည်ထားဆဲဖြစ်ပြီး ၎င်းက အဟန့်အတားတစ်ခု ဖြစ်စေနိုင်သည်။

သေချာသည်မှာ ချူရန်က သူမ၏ခါးတွင်ရှိသော ကျောက်စိမ်းဆွဲသီးကို အဝေးမှမြင်လိုက်ရသောအခါ သိသိသာသာပင် အံ့အားသင့်သွားခဲ့သော်လည်း ခဏတာမျှသာဖြစ်သည်။

"ဟက်" ချူရန်က ပြုံးနေပြီး "ထိုက်ဇီဖေးက ဘာလို့ ဒီလောက် များပြားတဲ့ စစ်တပ်ကို ခေါ်လာရတာလဲ"

"ချူရန်၊ ရှင်က မြို့ကို တိတ်တဆိတ် ပတ်ဆို့ပြီး ထိုက်ဇီကို ဝိုင်းထားရဲတယ်ပေါ့.. အရမ်းကို အတင့်ရဲနေတာပဲ!"

လဲ့ကျစ်၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရတော့ ချူရန်ကလည်း သူ့အသံကို လျှော့ချလိုက်ပြီး "အဲ့တော့ ဘာဖြစ်လဲ??? ဟော်ချန်ယွင်က ငါတို့အမျိုးအနွယ်တွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တာလေ၊ ဒီနေ့ ငါလုပ်နေတာက သူ့လုပ်ရပ်အတွက် တုံံ့ပြန်တာပဲ"

"အဲ့ဒါက ဘာမှ အဓိပ္ပါယ်မရှိဘူး၊ မိုက်မဲမှုသက်သက်ပဲ!" လဲ့ကျစ်၏ မျက်လုံးများက တင်းမာအေးစက်နေပြီး သူမ၏ အသံက ပိုကျယ်လာကာ "အဲ့ဒါက ဟော်ချန်ယွင် လုပ်တာလေ၊ လက်စားချေချင်ရင် ဟော်ချန်ယွင်ဆီကို သွားလေ၊ သားဖြစ်တဲ့သူက အဖေ့ရဲ့ကြွေးမြီတွေကို ပေးဆပ်ရမယ့်ဆိုတဲ့ အလွတ်တမ်းစကားတွေ လာပြောမနေနဲ့၊ အဲ့တာက ရှင့် အရည်အချင်းမရှိလို့ပြောနေတဲ့ အကြောင်းပြချက်တစ်ခုပဲ!"

ဒါကိုကြားတော့ ချူရန်က စကားမပြောနိုင်တော့ပေ။ ခေတ္တနားနေပြီးနောက် သူက ရယ်မောလိုက်ပြီး "မင်းက ဟော်တူကို ကယ်ချင်လို့ ဒီလောက်အများကြီး ပြောနေတာ မဟုတ်လား? ငါ သူ့ကို သတ်ချင်ရင် မင်းက ဘာလုပ်နိုင်မှာမှတ်လို့လဲ"

မြို့ရိုးကနေ ဆင်းလာတဲ့ ဟော်တူကက အဲ့ဒါကို ကြားသွားပြီး သူက ခြေလှမ်းတွေကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ဘယ်လို အပြုအမူလဲ??? ချူရန်က နည်းနည်းတော့ လွန်နေပြီမဟုတ်လား ?

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now