CH- 47

1.8K 194 14
                                    

အခန်း ၄၇ တွေဝေမှု

ထိုက်ဇီ စံအိမ်တော်၏ မြေအောက်တွင် လျှို့ဝှက်အကျဉ်းထောင်တစ်ခု ရှိခဲ့သည်။

ဟော်တူက တုတ်ကောက်ကို အားပြုရင်း ဖြည်းညှင်းစွာ လျှောက်သွားနေသည်။ တဆင့်ပြီး တဆင့် လှမ်းလာပြီးနောက် ကြိုးချည်ခံထားရသော လူချောလေးတစ်ယောက်ဆီကို လျှောက်သွားခဲ့သည်။

လျှို့ဝှက်အကျဥ်းထောင်ထဲမှာ ကုလားထိုင်တွေ ရှိပေမယ့် သူက ဝင်မထိုင်ဘူး။ အနက်ရောင်မျက်လုံးတစ်စုံက ထိုလူ၏မျက်နှာကို ဖျက်ခနဲကြည့်လိုက်သည်။

ထိုအမျိုးသားက အသက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်ရှိပြီး အပြာရောင် အင်္ကျီရှည်ကို ဝတ်ဆင်ထားကာ စာပေသမားတစ်ယောက်နှင့် တူနေသည်။ အဖမ်းခံထားရတာကြောင့် သူ့မျက်နှာက ညစ်ပတ်နေရင်တောင် သူ့ရဲ့ ချောမောတဲ့ မျက်နှာအသွင်အပြင်ကို မြင်ရဖို့ မခက်ခဲပါဘူး။ အထူးသဖြင့် သူ၏ ကြည်လင်နေသော မျက်ဝန်းတစ်စုံက တောက်ပနေသော အလင်းရောင်ကို ပေါ်လွင်စေသည်။

သူ့လက်ကို ချည်နှောင်ထားသော်လည်း သူ့နောက်ကျောက ဖြောင့်တန်းနေသေးသည်။

ဟော်တူက ရယ်မောလိုက်သည်။

သူမှာ ထိုကဲ့သို့ စာပေပညာရှင်တို့၏ စရိုက်လက္ခဏာများ ရှိနေသည်။

ဟော်တူက တုတ်ကောက်ပေါ်တွင် တင်ထားသော သူ့လက်ကို ကြည့်နေရာမှ အရပ်မြင့်မြင့် ဖြောင့်စင်းသော လူ၏ ပုံသဏ္ဍန်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ သူ့မျက်လုံးတွေ နည်းနည်းလှုပ်လာပြီး ပြုံးသွားခဲ့သည်။

"မင်းက လီတိုင်းပြည်ကလား" ဟော်တူက အေးအေးဆေးဆေးပြောလိုက်သည်။

ထိုလူက အေးစက်စွာ နှာမှုတ်လိုက်သော်လည်း ပြန်မဖြေခဲ့ပေ။

ဟော်တူက "ဘာလဲ၊ စကားတောင် မပြောရဲဘူးလား"

ဤစာပေပညာရှင်များ၏ အဓိကပြဿနာများကို သူ သိသည်။ အထိရောက်ဆုံးနည်းလမ်းမှာ ဆွပေးသော နည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။

"ဘာကို စကားမပြောရဲရမှာလဲ" ထိုလူက ဟော်တူကို မကြောက်ဘဲ တိုက်ရိုက်ကြည့်ကာ ပြုံးပြလိုက်ပြီး "မင်းက ဘယ်သူလဲဆိုတာ ငါ သိတယ်၊ ငါက ဒီနေ့ မင်းလက်ထဲ ရောက်နေပြီဆိုတော့ မင်း သတ်ချင်ရင်သတ် ခုတ်ချင်ရင်ခုတ် မင်း ကြိုက်တာလုပ်"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now