အခန်း ၁၄ အဆိပ်ဖြေခြင်း
စံအိမ်ကြီးထဲတွင် ဤကဲ့သို့ အထူးဆေးကုသဆောင်ရှိသည်ကို လဲ့ကျစ် မသိခဲ့ပါ။
သူမက ဟော်တူကို သူညွှန်ကြားသည့်အတိုင်း ဤနေရာသို့ တွန်းပို့ပေးခဲ့ရသည်။ အတွင်းပိုင်းအပြင်အဆင်ကို မြင်ပြီးနောက် သူမ မျက်လုံးပြူးရုံမှတပါး ဘာမှ မတက်နိုင်တော့ပေ။
၎င်းသည် သာမန်ဆေးခန်းနှင့် လုံးဝ မတူပေ။
ဆေးဖက်ဝင်အမွှေးအကြိုင် အမျိုးမျိုးပါရှိသော သစ်သားပုံးများ ရှိမနေပဲ သစ်သားစင်ပေါ်တွင် အရောင်အမျိုးမျိုးရှိသော ကြွေပုလင်းများသာရှိသဖြင့် လူများကို မှင်တက်စေနိုင်သည်။
"ထိုက်ဇီဖေးက အဲ့ဒါတွေကိုပဲ ဆက်ပြီး ဂရုတစိုက်နဲ့ တန်ဖိုးထားနေမယ်ဆိုရင် ဒီမင်းသားအတွက် အလောင်းကိုပဲ ကောက်ပေးနိုင်တော့မှာနော်" ဟော်တူက နောက်ပြောင်ပြောဆိုနေသော်လည်း သူ့အသံမှာ အဆိပ်ကြောင့် အက်ရှနေသည်။
လဲ့ကျိက အသိပြန်ဝင်လာပြီးနောက် သူ့ကို စားပွဲနားသို့ အမြန်တွန်းပို့လိုက်သည်။ သူမကတော့ ကြွေပန်းကန်အလွတ်တစ်လုံးကို ကိုင်ထားရင်း လေးနက်တဲ့အမူအရာနဲ့ စားပွဲရှေ့မှာ ရပ်လိုက်သည်။
"တတိယတန်းရဲ့ ပဉ္စမပုလင်းက သုံးစက်"
"ပဉ္စမအတန်းရဲ့ သတ္တမပုလင်းက လေးစက်"
"..."
လဲ့ကျစ်က သူပြောသည့်အတိုင်း ဆေးပုလင်းများမှ ဆေးများကို ဂရုတစိုက်နဲ့ နည်းစနစ်တကျ ပန်းကန်လုံးထဲသို့ အစက်ချလိုက်သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမလက်က ဆေးပုလင်းကို ကိုင်ထားရင်း ထိတ်လန့်တုန်လှုပ်နေသေးသည်။
"မလန့်ပါနဲ့...အာ..." ဟော်တူက ထိုင်ခုံနောက်ဘက်သို့မှီကာ ပျော့ညံ့စွာ အနားယူနေသော်လည်း အသက်အန္တရာယ်နှင့် ကြုံလာနေတာတောင် သူ့မျက်နှာက ပြုံးနေသေးသည်။ "တစ်စက်လောက်ပိုပြီး တစ်စက်လောက်လျော့သွားလဲ ကိစ္စမရှိပါဘူး၊ ထိုက်ဇီဖေးက ဒီမင်းသားအတွက် အလောင်းကောက်ပေးမယ်ဆိုရင် ဒီမင်းသားကို အရမ်း စိတ်သက်သာရာရစေမှာပါ"
YOU ARE READING
ရန်သူ့အိမ်ရှေ့စံ
General FictionMyanmar Translation of China Web-Novel "After Marrying the Disabled Crown Prince of the Enemy Country" (only just for fun) English Title : After Marrying the Disabled Crown Prince of the Enemy Country Original Authors : 新了个喵 English Translators :...