CH- 76

1.5K 150 2
                                    

အခန်း ၇၆ သူမသာရှိရင်

"ချူရန်! ရဲတင်းလိုက်တာ!" ဝူကျစ်ယွမ်က ဒေါသတကြီး အော်လိုက်သည်။

ဝူကျစ်ယွမ်၏ စကားများက လဲ့ကျစ်၏အတွေးများကို အတည်ပြုခဲ့သည်။ မနီးမဝေးတွင် ရှိနေသောလူမှာ အခြားတစ်ယောက် မဟုတ်ဘဲ ရှန်းနို့ မျိုးနွယ်၏ခေါင်းဆောင်ဟောင်း ဟော်တူ၏ဦးလေးပင် ဖြစ်သည်။

ချူရန်...

ရထားလုံးပတ်ပတ်လည်က အခြေအနေကို သေသေချာချာ ကြည့်လိုက်တော့ လူတစ်စုက မောက်မာစွာ အော်ဟစ်နေကြသည်။ နှစ်ဘက်စလုံးက တိုက်ခိုက်နေကြပေမယ့် သေတဲ့အထိ တိုက်ခိုက်ချင်ကြပုံတော့ မပေါ်ဘူး။

"ပြန်ဆုတ်!" ချူရန်က အသံမာမာဖြင့် အော်ပြောနေပြီး သူ့ပါးစပ်ထောင့်တွင် လှောင်ပြောင်မှုများ ပြည့်နေသည်။ သူက ရွဲ့စောင်းသောမျက်လုံးဖြင့် ဟော်တူကို ကြည့်လိုက်ပြီးနောက် မြင်းဇက်ကြိုးကိုဆွဲကာ ပြန်လှည့်လိုက်ပြီး သူ့လူများနှင့်အတူ ပြန်လည်ထွက်ခွာသွားခဲ့သည်။

"တစ်စုံတစ်ယောက်၊ သူတို့ကို လိုက်ဖမ်း!"

"လိုက်ဖို့မလိုပါဘူး သခင်ကြီးဝူ" အန်းရွှယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ တကယ် တိုက်ကြရင် ချူရန်ကို ဘယ်လိုမှ အခွင့်ကောင်းယူနိုင်မှာ မဟုတ်ဘူးဆိုတာကို ဘယ်သူမဆို မြင်နိုင်သည်။

ကန့်လန့်ကာက ပြန်ကျသွားပြီး ရထားလုံးများက စီရင်စုအိမ်တော်ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ကျယ်ပြောလှသော ရှန့်ယန်မြို့က အထီးကျန်မြို့တစ်ခုလို ဖြစ်နေသည်။ ခုနက ဘာမှ မဖြစ်ခဲ့ဘူးလို့တောင် ထင်ရသည်။ သို့သော် လဲ့ကျစ်က ဤအရာသည် အတိုချုံးမျှသာမဟုတ်ဘဲ အစပြုခြင်းတစ်ခုဖြစ်သည်ဟု ခံစားနေမိသည်။

ရှန့်ယန်မြို့ကို ပထမဆုံးရောက်တဲ့အချိန်မှာတောင် ချူရန်က သူတို့နဲ့ စစ်ကြေညာဖို့ မစောင့်နိုင်ခဲ့ပါဘူး။ ဒါက သရုပ်ပြမှုတစ်ခုပါပဲ။

လဲ့ကျစ်က ခေါင်းကို လှည့်ကာ ဟော်တူကို သတိထားပြီး ကြည့်လိုက်သည်။ တစ်ချိန်လုံး တိတ်ဆိတ်နေပေမယ့် သူ့မျက်လုံးတွေက ပိုပြီး နက်မှောင်နေခဲ့သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now