CH- 98 (Extra-2)

1.9K 131 6
                                    

အခန်း ၉၈ (ချပ်ပို ၂) သက်တံသကြားလုံး

လဲ့ကျစ်က သူမလက်ကို မြှောက်လိုက်ပြီး သူ့ပါးစပ်ကို ဖိပိတ်ကာ "ဟော်တူ... ရှင်က သားရဲကောင်ပဲ!"

ထင်ရှားသည်မှာ၊ သူက အေးစက်ပြီး မသေမျိုးတို့၏ အသွင်အပြင်ရှိသော်လည်း နောက်တစ်ဖက်ခြမ်းတွင် ထိုသို့သော အလေ့အထများ ရှိနေသည်။

တကယ်ပါ... အရမ်း ရိုင်းစိုင်းတယ်!

"ကျွန်မ ရှင့်ပါးစပ်ကို အပ်နဲ့ ချုပ်ရတော့မှာလား"

"အပ်နဲ့ ချုပ်မှာလား?" ဟော်တူက လဲ့ကျစ်၏ နီရဲနေသော ပူနွေးသော ပါးကို ကိုက်လိုက်ပြီး နားရွက်နားကို တိုးကာ တိုးတိုးလေး ပြောလိုက်သည်။

"ရှင်!"

လဲ့ကျစ်၏မျက်နှာက မီးလောင်ခံရသလို ပူလောင်နေပြီး မကျေနပ်သည့်အမူအရာဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။

သူနဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး။ ဟွန်း.... အရမ်းစိတ်အနှောင့်အယှက်ပေးတဲ့ လူကြီး...

လဲ့ကျစ်က သူ့ကို စိုက်ကြည့်ရင်း အတွင်းခန်းထဲသို့ ဝင်ရန် ကောင်တာကို ပတ်ကာ လျောက်သွားသည်။ ဒါပေမယ့် သူမနောက်က အမြီးလေးက ကျန်နေခဲ့မှာ မဟုတ်ပါဘူး၊ ဒါကြောင့် သူက သူမနောက်ကို လိုက်သွားခဲ့သည်။

သူမက အမြင့်တစ်နေရာက စာရင်းစာအုပ်ကို ယူပြီး ကြိုးစားနေတာကို မြင်တော့ ဟော်တူက အဲ့နေရာကို သွားပြီး သူမအတွက် လှမ်းယူပေးလိုက်သည်။ သူက အခြေအနေကို အခွင့်ကောင်းယူပြီး သူမကို အနောက်ကနေ ဖက်ကာ "မင်း စိတ်ဆိုးနေတာလား"

နွေးထွေးသော အသက်ရှုသံက သူမ၏ လည်ပင်းနောက်ဘက်သို့ တိုးညှင်းစွာ တိုးဝင်လာသည်။ လဲ့ကျစ်၏နှလုံးသားက တုန်တုန်ယင်ယင်ဖြစ်လာပြီး "မဆိုးပါဘူး..."

ချက်ခြင်းပင် သူမ၏နောက်မှ နူးညံ့သော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် လဲ့ကျစ်က သူမ၏နူးညံ့သော ဆံပင်များပေါ်တွင် သူ့နှုတ်ခမ်းများ ဖိကပ်သွားသည်ကို ခံစားလိုက်ရသည်။

"ကိုယ့်ရဲ့ကျစ်ကျစ်က ဆိုးတဲ့လူတွေကို အကြိုက်ဆုံးဆိုတာ ကိုယ် သိသားပဲ"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now