CH- 41

2K 186 5
                                    

အခန်း ၄၁ တော်ဝင်အမိန့်တော်

အိပ်ခန်းဆောင်ထဲတွင် အပူပေးမီးဖိုက မီးတောက်လောင်နေသည်။ လဲ့ကျစ် ဒဏ်ရာရတဲ့နေ့ကတည်းက အိမ်တော်တစ်ခုလုံးမှာ အပူပေးမီးဖိုတွေ ထားပေးခဲ့သည်။

သို့သော် ဤအချိန်တွင် အအေးဒဏ်ကို အမြဲကြောက်တတ်သော လဲ့ကျစ်က အပူချိန် အနည်းငယ် များနေသည်ဟု ခံစားမိသည်။ သူမ ရှက်လွန်းလို့ သူ့ဘေးမှာ ချထားတဲ့ လက်နှစ်ချောင်းကို ထားစရာ နေရာမရှိတော့ဘူး။ သူမက ဟော်တူကို တိတ်တဆိတ်ကြည့်ကာ ခဏတာ စကားမပြောနိုင်။

သူ ပျော်နေတာမလား ဟုတ်တယ်မလား။

သူ၏အနက်ရောင်မျက်လုံးများက ကြည်လင်နေပြီး ဒေါသအသွင်မဆောင်ဘဲ တောက်ပနေသည့်အချက်က သူမ အောင်မြင်သည်ဟု ဆိုလိုသည် မဟုတ်လား။

လဲ့ကျစ်က ယောက်ျားနှင့်မိန်းမကြားဆက်ဆံရေးကို အမှန်တကယ် နားမလည်ခဲ့ပေ။ သူမ ထိမ်းမြားလက်ထပ်နိုင်သော အရွယ်သို့ ရောက်သောနေ့၌၊ သူမ၏ ဖခမည်းတော် ဘုရင်မင်းမြတ်က ဟော်ရှနှင့် လက်ဆက်ပေးမည်ဟု ကတိပြုခဲ့သည်။ ထိုအချိန်က သူမ၏ နှလုံးသားထဲတွင် ဘာစိတ်အနှောက်အယှက်မှ မရှိဘဲ ကမ္ဘာပေါ်ရှိ လင်မယား အများစုမှာ ဤကဲ့သို့ ဖြစ်သည်ဟု ထင်ခဲ့သည်။

တစ်သက်လုံး လင်နဲ့မယားကြားမှာ အပြန်အလှန်လေးစားမှုတွေ ရှိရမည်ဖြစ်ပြီး၊ ခံစားချက်တွေ မရှိလဲ အဆင်ပြေသည်ဟု ထင်ခဲ့သည်။

ဒါပေမယ့် သူမနဲ့ ဟော်တူကရော ဘယ်လိုလဲ။

လဲ့ကျစ်က သူမတို့နှစ်ဦးကြားမှ ဆက်ဆံရေးက သူမက ဟော်တူကို အခွင့်ကောင်းယူပြီး ချီဧကရာဇ်ကို ကလဲ့စားချေရန် အစီအစဉ်ထက် မပိုကြောင်း သူမ ကောင်းကောင်းသိသည်။ သူမ သတိကြီးကြီးနဲ့ လျှောက်သွားရင်း ခြေလှမ်းတိုင်းကို ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေခဲ့ရသည်။

အစတွင်၊ သူမက ဟော်တူကို သူမ ရှင်သန်ရန် အသုံးချခဲ့ပြီး နောက်ပိုင်းတွင် သူမ၏လမ်းကြောင်းကို ပိုမိုချောမွေ့စေရန် ကြိုးစားခဲ့သည်။ လဲ့ကျစ်၏မျှော်လင့်ချက်များအရ ဟော်တူက သူမအတွက် အနည်းငယ်မျှသာ အထောက်အကူပြုစေမည်ဟု သူမ မျှော်လင့်ခဲ့သည်။ ဒါပေမယ့် သူမက သူမရဲ့ခံစားချက်တွေကို ကျွမ်းကျင်စွာနဲ့ လွယ်လွယ်ကူကူ ကစားနိုင်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ အခုအချိန်မှာတောင် တစ်ချို့အရာတွေက သူမကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now