CH- 63

1.6K 161 2
                                    

အခန်း ၆၃ ဆင်ခြင်တုံတရား

ဘေးဖက်မှ ကျင့်ရှင်းကလည်း သူ့ရဲ့ ရုတ်တရက် ဒေါသကြောင့် ထိတ်လန့်သွားသည်မှာ ထင်ရှားနေသည်။ သူမက သခင်မ၏ နောက်ကျောကို တည့်မတ်နေအောင် ကူတွဲပေးထားတာကြောင့် သခင်မကို ကိုင်ထားစဉ် သူမ၏ လက်မောင်းမှ ပုံမှန်မဟုတ်သော အပူဒဏ်ကို သတိထားမိကာ သူမ မထိန်းနိုင်လောက်အောင် ပို၍စိတ်ပူသွားသည်။

သူမက သခင်မကို အိပ်ခန်းထဲတွင် အမြန်အနားယူနိုင်ရန် ကူညီပေးချင်နေသည်။ သို့သော် ထိုက်ဇီက ရှေ့တွင်ရှိနေပြီး နှစ်ယောက်သား အသေအလဲပင် ဓေါသထွက်နေကြပြီး နှစ်ယောက်လုံးက နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိကြပေ။

အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်နိုင်မှာလဲ ...အား!

သူမက အနည်းငယ်လှည့်လိုက်ပြီး ထိုက်ဇီ၏နံဘေးတွင် ရပ်နေသော အန်းရွှယ်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ လန့်ဖျပ်သွားရသည်။

ကိုယ်ရံတော်အန်း... ကျင့်ရှင်းက မကြာသေးမီက သူမအလုပ်များနေချိန်တွင် ကိုယ်ရံတော်အန်းက သူမထံ မကြာခဏ ပြေးလာသည်ဟု ထင်ခဲ့သည်။ ကိုယ်ရံတော်အန်းက စကားအများကြီးမပြောသော်လည်း၊ သူမကို များစွာ ကူညီပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမက သူ့ကို ကျေးဇူးတင်စကားလက်ဆောင်အဖြစ် မုန့်အချို့ကိုလည်း ပြုလုပ်ပေးခဲ့သည်။

သူမနှင့် အန်းရွှယ်တို့သည်လည်း ခင်မင်ရင်းနှီးနေပြီဟု သူမ ထင်ခဲ့သည်။

ခုတော့ အန်းရွှယ်ကို မျက်လုံးဖြင့် အကူအညီတောင်းရန်ကလွဲပြီး သူမမှာ ရွေးချယ်စရာ မရှိတော့ပေ။

စကားလုံးမပါသော်လည်း အန်းရွှယ်က သူမ၏ဆိုလိုရင်းကို ချက်ချင်း နားလည်ခဲ့သည်။ သူ့မျက်နှာက တည်ငြိမ်နေပေမယ့် သူ့ရင်ထဲမှာတော့ ခံစားချက်တွေနဲ့ တုန်ယင်နေခဲ့သည်။

အတိတ်ကနေ ယခုအချိန်အထိ... သူမ မှတ်ဥာဏ်မဆုံးရှုံးမီအချိန်မှ ယခုအချိန်အထိ အရာအားလုံးကို မေ့လျော့သွားခဲ့ပြီး သူမ၏အခက်ခဲဆုံးအချိန်များတွင်ပင် ကျင့်ရှင်းက မည်သူ့ကိုမျှ မတောင်းဆိုခဲ့ဖူးပေ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now