CH- 67

1.7K 171 6
                                    

အခန်း ၆၇ နှုတ်ခမ်းနီ

ရှည်လျားပြီး နက်နဲသော အနမ်းများက လေပြင်းနှင့် မိုးရွာနေသလို ရှည်ကြာနေပြီး ဟော်တူ၏ ပါးပြင်များကို ဆုပ်ကိုင်ထားသည့် လက်များက သူ့ပခုံးပေါ်သို့ လျောကျသွားသည်။ အရင်တစ်ခေါက်လောက် အသက်ရှုမဝဖြစ်မနေပေမယ့် နည်းနည်းတော့ အသက်ရှူကျပ်နေသေးသည်။ လဲ့ကျစ်က သူ့ပခုံးများကို ဖြည်းညှင်းစွာ တွန်းတုတ်ကာ သူ ဖြေလျှော့ပေးအောင် ကြိုးစားနေသည်။

သူမ၏ ငြင်းဆန်မှုကို ခံစားလိုက်ရသဖြင့် ဟော်တူက သူမ၏ ခါးမှ လက်ကို ဖြေလျှော့ပေးလိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ နှုတ်ခမ်းချင်း ကွာကျခါနီးတွင် သူက ရုတ်တရက် သူမ၏ အပေါ်နှုတ်ခမ်းကို စုပ်ယူရန် ငုံ့လိုက်ကာ ပေါ့ပေါ့ပါးပါး နမ်းပြီးနောက် နောက်သို့ ဆုတ်သွားခဲ့သည်။

လဲ့ကျစ်၏ နှင်းဖြူရောင်ပါးပြင်များက နီရဲနေပြီး သူမ၏ ရောင်ရမ်းနေသော ချယ်ရီရောင်နှုတ်ခမ်းလေးများကလည်း တောက်ပြောင်နေသည်။ သူမက ချောင်းတစ်ချက်ဆိုးလိုက်ပြီးမှ မျက်လုံးများကို မှိတ်ချကာ တည်ငြိမ်ဟန်ဆောင်ရင်း " ဥယျာဉ်ထဲမှာ ထိုင်ဖို့ အရှင့်သားကို တွန်းသွားပေးရမလား?"

ဟော်တူက သဘောတကျရယ်နေသော်လည်း သူမကို ကျီစယ်ရန် ပါးစပ်ကိုပင် မဟရဲပေ။ သူက လက်ကိုဆန့်ကာ သူမရဲ့နူးညံ့တဲ့ နှုတ်ခမ်းလေးတွေကို သူ့လက်ချောင်းတွေနဲ့ ဖိကပ်လိုက်ပြီး "အင်း" ဟု ပြန်ဖြေလိုက်သည်။

ပူနွေးသော နေရောင်ခြည်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး ရောဂါဝေဒနာများက သက်သာ ပျောက်ကင်းသွားပုံရသည်။

လဲ့ကျစ်က စာရင်းစာအုပ်အမြောက်အမြားကို ကိုင်ဆောင်ကာ ဂရုတစိုက် ဖတ်ရန် ကျောက်စားပွဲပေါ်တွင် ထိုင်လိုက်သည်။

ဖျားနေတာ ရက်အတော်ကြာနေပြီ၊ စစ်ဆေးဖို့ စာရင်းတွေ အများကြီးရှိနေသေးတယ် အားးး!

သူမက စာဖတ်နေစဉ် မေးခွန်းအချို့ကို စာရေးတံဖြင့် ကောက်နုတ်နေရင်း စားပွဲပေါ်ရှိ သကြားလုံးများကို လှမ်းယူလိုက်သည်။ ခါးသောဆေးကို အကြာကြီးသောက်ပြီးနောက်၊ သူမက အချိုကို ပိုစားချင်လာသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now