CH- 72

1.6K 157 4
                                    

အခန်း ၇၂ ငြိတွယ်မှု

သူတို့ လျှို့ဝှက်လမ်းကနေ ထိုက်ဇီစံအိမ်တော်ကို ပြန်ရောက်ပြီးနောက် ညနက်နေပြီဖြစ်သည်။

အန်းရွှယ်က အိပ်ခန်းဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး သူတို့ ပြန်လာသည်ကို မြင်သောအခါ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာကာ "အရှင့်သား၊ နန်းတော်က တစ်စုံတစ်ယောက် ရောက်လာပါတယ်" ဟု ဆိုလေသည်။

ဒါကိုကြားတော့ လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီအချိန်ကြီးမှာ စွေ့ဖုန်းက ဘာလို့ အိမ်တော်ဆီကို ရောက်လာတာလဲ???

ဒါပေမယ့် ဟော်တူရဲ့အမူအရာက သူ သိထားပြီးသလိုပုံစံနဲ့ ဘာမှ ပြောင်းလဲမသွားပါဘူး။ လဲ့ကျစ်က သူ့ကို မသင်္ကာစွာ စိုက်ကြည့်ကာ အိမ်ရှေ့ခန်းသို့ လိုက်ပါသွားခဲ့သည်။

"အရှင့်သားနဲ့ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်" စွေ့ဖုန်းက အလွန်ယဉ်ကျေးနေသည်။ နောက်ဆုံးအမိန့်စာက သူ့အပေါ် လေးလေးနက်နက် သက်ရောက်စေခဲ့သည်။ ဒီအရှင့်သားထိုက်ဇီကို သတိထားရမည် ဖြစ်သည်။

ဟော်တူက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

"တကယ့်ကို အရေးကြီးတဲ့ ကိစ္စဖြစ်နေတာကြောင့် ဒီကျွန်က ညဥ့်နက်မှ အရှင့်သားကို နှောက်ယှက်မိပါတယ်၊ ဒီနှစ် ရှန့်ယန်မြို့မှာ ဖြစ်တဲ့ မိုးခေါင်ရေရှားမှုက အရမ်းပြင်းထန်ပါတယ်၊ တော်ဝင်တရားရုံးကနေ ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ အမြောက်အမြား ထုတ်ပေးခဲ့ပေမယ့် နည်းနည်းလေးတောင် တိုးတက်မလာပါဘူး၊ ပြီးတော့ နောက်ဆက်တွဲအနေနဲ့ မြို့တွင်းမှာ အကြမ်းဖက်မှုတွေဖြစ်နေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေပါတယ်၊ ဘုရင်မင်းမြတ်ရဲ့ အမိန့်အရ အရှင့်သားထိုက်ဇီကို အဓိကရုဏ်းတွေကို ချေမှုန်းဖို့ မနက်ဖြန်မနက်မှာ ရှန့်ယန် မြို့ကို သွားခိုင်းပါတယ်"

စွေ့ဖုန်းက တစ်ခုခုကို တွေးနေသလိုမျိုး ခဏရပ်လိုက်သည်။

"မနက်ဖြန်မနက်?" လဲ့ကျစ်က အံ့သြသွားသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now