အခန်း ၇၁ မတူမတန်
ရာဇပလ္လင်တော်ရှိရာ ခန်းမ၏ ဘေးဘက် ဝဲယာနှစ်ဖက်စလုံးတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိကြီးများက တလေးတစား ရပ်နေကြသည်။
ချီဧကရာဇ်က မှုန်ကုပ်ကုပ်နှင့် တိုင်းပြည်ရေးရာကိစ္စအားလုံးကို ဆွေးနွေးပြီးနောက် "ချစ်ရတဲ့ ဝန်ကြီးတို့... မင်းတို့မှာ တစ်ခုခုပြောစရာရှိရင် ငါ့ကိုယ်တော်ဆီကို တင်ပြလို့ရတယ်၊ မရှိတော့ရင် ညီလာခံသိမ်းမယ်" ဟု ပြောလိုက်သည်။
သူ့ရဲ့မှုန်ကုပ်ကုပ် အမူအရာနဲ့ အပြောအဆိုကို မြင်နေရတာကြောင့် အရာရှိတွေက သတင်းတင်ပြဖို့ နေနေသာသာ အသက်တောင် ဝဝမရှုရဲပေ။ သို့သော်လည်း ညာဘက်ပထမနေရာ၌ ရပ်နေသော ဝန်ကြီးချုပ်ရှန်းဟွိုက်က ရှေ့သို့ ပြတ်ပြတ်သားသားနဲ့ တည်တည်ငြိမ်ငြိမ် လျှောက်လာကာ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ တင်ပြစရာရှိပါတယ်"
ဒါကိုမြင်တော့ နှစ်ဖက်လုံးမှာရပ်နေတဲ့ အရာရှိတွေအားလုံးက တုန်လှုပ်သွားပြီး အားလုံးက မျက်နှာတွေကို အောက်ငုံ့နေကြသည်။
"ဘာလဲ?"
"မကြာသေးမီက ဒီအရာရှိက အဖြစ်အပျက်တစ်ခုကို သိလိုက်ရပါတယ်၊ ဒီကိစ္စက တိုင်းပြည်နဲ့ ပတ်သက်နေလို့ မတင်ပြဘဲ မနေရဲပါဘူး" ရှန်းဟွိုက်က ဦးညွှတ်ပြီး မတ်တပ်ပြန်ရပ်ကာ "တတိယမင်းသားက ကျင်းပြည်ထောင်က တော်ဝင်မိသားစုနဲ့ လျှို့ဝှက်ပြီး ဆက်သွယ်နေပါတယ်"
"ခင်ဗျား.... မဟုတ်တာတွေ စွပ်စွဲနေတယ်"
ဟော်ရှက အံ့သြသွားပြီး သူ့ပါးပြင်များက နီမြန်းလာသည်။ ရှန်းဟွိုက်က ၎င်းအကြောင်းကို ဘယ်လိုသိလဲ တွေးရန် အချိန် မရှိသေးပေ။ ဖုံးကွယ်ဖို့ ကြိုးစားရန် မြန်မြန်ဆန်ဆန်ပဲ သူ့ကို နှောင့်ယှက်လိုက်သည်။
"ပါးစပ်ပိတ်ထား!" ဟော်ချန်ယွင်က ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ့လေသံမှာ ဒေါသထွက် မနေပေ။ သူက ဟော်ရှကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်းဟွိုက်ကို မျက်လုံးနဲ့ အချက်ပြပြီး "ဒါက မင်းသားတစ်ယောက်နဲ့ ပတ်သတ်နေတာနော်၊ ဝန်ကြီးချုပ်မှာ သက်သေရှိလား" ဟု ပြောလိုက်သည်။
YOU ARE READING
ရန်သူ့အိမ်ရှေ့စံ
General FictionMyanmar Translation of China Web-Novel "After Marrying the Disabled Crown Prince of the Enemy Country" (only just for fun) English Title : After Marrying the Disabled Crown Prince of the Enemy Country Original Authors : 新了个喵 English Translators :...