CH- 45

1.9K 182 7
                                    

အခန်း ၄၅ လာဘပွဲ

အခန်းက ခဏတာ တိတ်ဆိတ်သွားသည်။ လဲ့ကျစ်က မျက်လုံးပြူးသွားပြီး ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်ကာ ချက်ချင်း ထလိုက်သည်။

ဟော်တူက မသိစိတ်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။ "မင်း ဘယ်သွားမလို့လဲ"

လဲ့ကျစ်က သူ့မျက်နှာဖြူဖျော့ဖျော့ကိုကြည့်ကာ သူမ၏လက်ကို ညင်သာစွာ ဆွဲထုတ်လိုက်ပြီး သူလဲလျောင်းနေစေရန် သူ့ပခုံးများကို ဖိကာ ဘရိုကိတ်စောင်နှင့် အုပ်ပေးလိုက်သည်။ "ခဏစောင့်ဦး"

လဲ့ကျစ်က တံခါးဆီသို့ အမြန်ပြေးပြီး တံခါးကိုဖွင့်ကာ ညဘက်တာဝန်ကျနေသော ကျင့်ရှင်းကိုခေါ်ကာ "ကျင့်ရှင်း၊ ရေနွေးမြန်မြန်သွားယူ၊ မြန်လေ ပိုကောင်းလေပဲ"

ကျင့်ရှင်းက အမြန်ပြန်တုန်ပြန်ခဲ့သည်။ သူမက စကပ်ကို မလိုက်ပြီး ရေနွေးယူရမည့်အခန်းဆီသို့ အမြန်ပြေးသွားသည်။ သူမ အလျင်လိုနေတာကြောင့် ထီးယူဖို့တောင် မေ့သွားခဲ့သည်။ ခု သတိထားမိတော့ နှင်းတွေကျနေသည်။

ရုတ်တရက် နှင်းတွေကျနေတဲ့ သူမ ခေါင်းထက်က ဧရိယာကို ထီးတစ်ခုက ဖုံးလွှမ်းသွားသည်။

ကျင့်ရှင်းက နောက်ပြန်လှည့်ကြည့်လိုက်ပြီး "အန်း...၊ ကိုယ်ရံတော်အန်း?"

အန်းရွှယ်က ပေါ့ပေါ့ပါးပါး နဲ့ ဟမ်းဟု ပြောကာ ဘာမှ ထပ်မပြောတော့ပေ။

နောက်ဆုံးတွင်၊ သူက အရှင့်သားထိုက်ဇီ၏ ဘေးနားတွင် ရှိနေသူဖြစ်ပြီး ကျင့်ရှင်းက သူနှင့် အဆက်အသွယ် မရှိသလောက် နည်းပါးသောကြောင့် သူမ အနည်းငယ် တုန်လှုပ်သွားကာ "ကိုယ်ရံတော်အန်းလည်း ဒီည တာဝန်ကျတာလား။ ဒီအစေခံက ​ရေ​နွေး သွားယူမှာပါ​၊ ၊ ကိုယ်ရံတော်အန်းက လုပ်ပေးစရာ မလိုပါဘူး..."

"ဒါဆို သွားကြရအောင်"

နှစ်ယောက်သား ဘေးချင်းကပ် လျှောက်သွားကြသည်။ မူလက သီးသန့်ဆန်သော စိတ်ထားရှိသူ ကျင့်ရှင်းက ယခင်က ယောက်ျားတစ်ယောက်နှင့် နီးကပ်စွာ သွားလာဖူးခြင်း မရှိခဲ့ပေ။ သူမက နှလုံးသားထဲတွင် အန်းရွှယ်၏ ကြင်နာမှုအတွက် ကျေးဇူးတင်နေသော်လည်း သူမနှင့် ဝေးကွာနေဆဲဖြစ်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now