CH- 40

2.1K 201 8
                                    

အခန်း ၄၀ နက်ရှိုင်းစွာ ကျဆင်းခြင်း

"ဟင်?"

လဲ့ကျစ်က မယုံကြည်နိုင်စွာ မျက်လုံးပြူးကာ ဟော်တူ၏ မျက်နှာကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

အထင်ကြီးခံရတဲ့ လင်းယွိရှန့်က သူ့ကို အရမ်းချစ်နေပေမယ့် သူက သူမကိုတောင် မသိခဲ့ဘူးလား?

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ လဲ့ကျစ်က မယုံပေ။ သို့သော် ဟော်တူ၏ စိတ်မရှည်သောအမူအရာတွင် လိမ်ညာနေသော အရိပ်အယောင် မရှိပေ။

"လင်းယွိရှန့်... သူ(မ)က ဟော်ရှရဲ့ဝမ်းကွဲညီမတော်ဖြစ်ပြီး ဧကရီရဲ့တူမပါ" လဲ့ကျစ်က မျက်မှောင်ကြုတ်ပြီး ဒီအချက်က အဓိပ္ပါယ်မဲ့လွန်းတယ်လို့ တွေးနေပြီး "အဲ့ဒါအပြင် သူ့(မ)အဖေက ထိုက်ဝေဖြစ်နေတုန်းပဲ။ အရှင့်သားက သူ့(မ)ကိုတကယ် မသိတာလား"

ဒါကိုကြားတော့ ဟော်တူက အော်ဟစ်လှောင်ပြောင်လိုက်ပြီး "လင်းချီရဲ့သမီးလား"

လင်းမျိုးနွယ်က အမှန်ပင် မဟာချီတွင် ခိုင်မာသောအခြေခံအုတ်မြစ်ရှိပြီး ၎င်းတို့၏ဘိုးဘေးများတွင် ဝန်ကြီးချုပ် သုံးဦးရှိခဲ့သည်။ သို့သော် လင်းချီ၏မျိုးဆက်တွင် မိသားစုဝင်အများစုမှာ အလယ်အလတ်မျှသာဖြစ်ပြီး တိမ်မြုပ်သောအခြေခံအုတ်မြစ်ရှိသော ရှန်းမိသားစုနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။

လင်းမျိုးနွယ်အား အကြံဉာဏ်ကောင်းများပေးနေသည့် ညီမဖြစ်သူ ဧကရီ ကြောင့်သာ မဟုတ်ခဲ့လျှင် ဤလူယုတ်မာလင်းချီက ထိုက်ဝေ အနေအထားတွင် ခိုင်မြဲစွာ ထိုင်နေနိုင်မည် မဟုတ်ပေ။

လင်းချီ၏အရည်အချင်းက အလယ်အလတ်ဖြစ်နေရုံသာမက သူက အလှအပကို တပ်မက်သော လောင်းကစားသမားလည်း ဖြစ်သည်။ လင်းစံအိမ်ရှိ မောင်းမမိဿံအရေအတွက်သည် ဧကရာဇ်မင်းမြတ်၏ မောင်းမဆောင်နှင့် အမီလိုက်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ မောင်းမမိဿံများမှ မွေးဖွားလာသော သားသမီးများနှင့် အကသမားများနှင့် အဆိုတော်အချို့က လျှို့ဝှက်စွာ မွေးဖွားခဲ့သော ကလေးများကို ‌ရေတွက်ရမည်ဆိုလျှင် လင်းချီကိုယ်တိုင်ပင် သူ့တွင် ကလေးမည်မျှရှိသည်ကို မသိနိုင်ပေ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now