CH- 83

1.7K 143 3
                                    

အခန်း ၈၃ သူ့ကို ကြိမ်းမောင်းတယ်

"ဟော်တူ!"

လဲ့ကျစ်က သူ့ကို ဒေါသနဲ့ စိုက်ကြည့်နေရင်း သူမမျက်နှာက ဖြူဖျော့နေရာမှ နီမြန်းတဲ့ အနီကွက်တွေ တဖြည်းဖြည်း ပေါ်လာသည်။ "ရှင် ဆက်ပြီး အဲ့လိုမိုက်မဲတဲ့ စကားတွေ ပြောနေမယ်ဆိုရင် ကျွန်မ ရှင့်ကို ဂရုမစိုက်တော့ဘူး!"

သူမ တကယ်စိတ်ဆိုးသွားတာကိုမြင်တော့ ဟော်တူက သူမကို နောက်ပြောင်ဖို့ မဝံ့ရဲတော့ဘူး။ သူက ရှေ့ကို လှမ်းလာပြီး သူမကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ သူမခေါင်းလေးကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးလိုက်သည်။

သူဆံပင်တွေက ချောမွေ့နေတာပဲ....

ခဏအကြာတွင် ဟော်တူက သူမကို လှမ်းပွေ့လိုက်သည်။

လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ်က လေထဲသို့ ရုတ်တရက် မြောက်တက်သွားတာကြောင့် အံ့သြတကြီး အော်ဟစ်လိုက်သည်။ သူမမျက်လုံးများက မှုန်ကုပ်ကုပ်ဖြစ်နေပြီး သူမ၏ လေသံမှာ ဒေါသများနှင့် ပြည့်နေသည်။ "ကျွန်မ... နာနေတုန်းပဲ..."

သူမက ခါးတွင် နာကျင်ခြင်းနှင့် ထုံကျင်ခြင်းမှလွဲ၍ အခြားမည်သည့်နေရာတွင်မျှ နာကျင်ခြင်းမရှိပေမယ့် နာနေသည်ဟု လိမ်ညာခဲ့သည်။ သို့သော်၊ သူမ တကယ်ပင်ပင်ပန်းနေပြီ၊ ပြီးတော့ နေ့ခင်းဘက်ဖြစ်နေပြီလေ။ သူနဲ့အတူ လိုက်မရူးချင်တော့ဘူး!

ဟော်တူက နူးညံ့စွာ ရယ်မောလိုက်ပြီး သူမကို စားပွဲတင်ခုံအနားသို့ သယ်ဆောင်လာကာ ထိုင်ခုံပေါ်တင်ပေးပြီး "ဒီက အမျိုးသမီးငယ်လေးရေ၊ နေ့ခင်းကြောင်တောင်ကြီးမှာ မင်းက ဘာတွေ တွေးနေတာလဲ"

"ရှင်!" လဲ့ကျစ်က ဒေါသတကြီး ခေါင်းငုံလိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

နွေးထွေးသော နေရောင်ခြည်က မြင့်မားလာတာကြောင့် မှန်ပေါ်တွင် လင်းလက်တောက်ပသော အလင်းရောင်ကို ပေါ်လွင်စေသည်။ လဲ့ကျစ်၏ ပါးပြင်များက အနည်းငယ် ပူနေပြီး သူ့ကို စိုက်ကြည့်ရန် မျက်လုံးများ ပင့်တင်ကာ သူမ ဘာမှ မတက်နိုင်တော့ပေ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now