CH- 69

1.6K 167 1
                                    

အခန်း ၆၉ ခြေဖျားထောက်ပြီး...

ကံကောင်းထောက်မစွာနဲ့ ထိုကြောင်တောင်တောင်ဖြစ်မှုက ခဏသာကြာခဲ့သည်။ ခဏကြာတော့ သူက ပုံမှန်ပြန်သွားပြီး "မပင်ပန်းပါဘူး" ဟု ပြန်ဖြေလိုက်သည်။

အသံကတော့ နည်းနည်း အက်ရှနေသည်။ တစ်ညလုံး မအိပ်ရသေးတာကြောင့်လား ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့်လားဆိုတာ သူမ မသိနိုင်ပါဘူး။

လဲ့ကျင်းက စေ့စေ့စပ်စပ် နားလည်သော်လည်း ထပ်မေးနေသေးသည်။ "ထိုက်ဇီရဲ့ အဆင့်အတန်းနဲ့ စွမ်းဆောင်ရည်အရ ဘယ်အမျိုးသမီးကိုပဲ ရွေးရွေး ကျစ်ကျစ်ကို ချစ်တာထက်တော့ ပိုလွယ်ပါလိမ့်မယ်၊ အဲ့တာကို ဘာလို့ စိတ်​ရှုပ်ခံနေရတာလဲ"

ဟုတ်တယ်... သူ ဘာလို့ စိတ်ရှုပ်ခံနေတာလဲ???

ဒါပေမယ့် သူ့အတွက်ကတော့ လဲ့ကျစ်က ထောင်ပေါင်းများစွာသော အမျိုးသမီးတွေထဲက တစ်ယောက် မဟုတ်ခဲ့ပါဘူး။ ချိန်ဆနှိုင်းယှဥ်ပြီးမှ သူမကို ချစ်မိသွားခဲ့သည် မဟုတ်ပေ။ သူမတစ်ယောက်တည်းကိုသာ ချစ်ခဲ့မိခြင်းဖြစ်သည်။

ထို့ကြောင့် လွယ်ကူသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ‌ရွေးချယ်နိုင်သော ကိစ္စ မဟုတ်ပေ။ သူ့မှာ ရွေးချယ်စရာ လုံးဝမရှိပါဘူး။

ဟော်တူ၏ မျက်လုံးများက အနည်းငယ် လှုပ်သွားသော်လည်း သူက ပြန်မဖြေဘူး။

"ကျွန်မ နားလည်ပါပြီ" လဲ့ကျင်းက သူ့ကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ပေးကာ ပြန်ထွက်သွားရန် ထရပ်လိုက်သည်။ တံခါးဝကို ရောက်တော့ သူမက နောက်ပြန်လှည့်ကြည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု ထပ်မံပြောခဲ့သည်။

"မင်း ငါ့ကိုမမုန်းဘူးလား" ဟော်တူက မေးလိုက်သည်။

တံခါးကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း ရပ်နေသော လဲ့ကျင်းက ရှုပ်ထွေးသောအကြည့်ဖြင့် လှည့်ကြည့်လိုက်ပြန်သည်။ ပုံမှန်ဆိုရင်တော့ ရန်သူ၏သားကို မုန်းသင့်တာပေါ့။

သို့သော်လည်း သူကြောင့်သာ မဟုတ်ခဲ့လျှင် ကျစ်ကျစ်၏အခြေအနေက ခုလောက် ကောင်းလာမည် မဟုတ်ပေ။ ထိုအချိန်တွင် သူမက ပရမ်းပတာအခြေအနေတွင် ပိတ်မိနေပြီး ရှဖေးထိုင်တွင် ရှိနေခဲ့သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now