CH- 66

1.6K 165 10
                                    

အခန်း ၆၆ နာကျင်မှုကို သက်သာစေတယ်

ညဉ့်နက်နေပြီဖြစ်၍ မင်းသားအိမ်တော်က အလွန်တိတ်ဆိတ်နေသည်။ ဟော်ရှ နိမ့်ကျသွားပြီးကတည်းက အိမ်တော်တစ်ခုလုံး အုံ့မှိုင်းနေခဲ့သည်။

အိပ်ခန်းထဲတွင်၊ ရှန်းချင်းယန်က ပျော့ပျောင်းသောထိုင်ခုံပေါ်တွင် မျက်မှောင်ကြုတ်ကာ အနည်းငယ် မှီထိုင်နေသည်။

လုယင်က နှင်းရည်ကို သွားယူနေပေမယ့် ဘယ်လောက်ကြာအောင် စောင့်ရမလဲ မသိပေ။

ရုတ်​တရက်​ သူမမျက်​ခမ်း​တွေ လှုပ်​လာပြီး နှလုံးသားတစ်​ခုလုံး စောင့်ခုန်​သွားသည်​။ သူမက အမြန်ထရပ်ကာ တံခါးဆီသို့ အမြန်လျှောက်လာခဲ့သည်။

ရှည်လျားသော စင်္ကြံတစ်လျှောက် လမ်းလျှောက်ရင်း လက်ဖက်ရည်ခန်းကို ဖြတ်သွားသောအခါ ကျယ်လောင်စွာ အော်ဟစ်သံများကို သူမ ကြားလိုက်ရသည်။ ရှန်းချင်းယန်၏နှလုံးသားက တုန်လှုပ်သွားပြီး တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။

ဝိုင်၏အနံ့က သူမ၏ဗိုက်ကို မသက်မသာဖြစ်သွားစေသော်လည်း သူမ ဂရုမစိုက်နိုင်ပေ၊ ဟော်ရှက လုယင်ကို လက်ဖက်ရည် စားပွဲပေါ်သို့ ဖိနှိပ်ထားသည်ကို တွေ့လိုက်ရပြီး လက်ဖက်ရည်ခွက်များက မြေပြင်ပေါ်တွင် ရှုပ်ပွနေလေသည်။

ရှန်းချင်းယန်က ရှေ့သို့ ပြေးသွားကာ အရက်မူးနေသော ဟော်ရှကို အစွမ်းကုန် တွန်းထုတ်လိုက်ရာ လုယင်က ဆံပင်များရှုပ်ပွနေတာကို မြင်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များက စုတ်ပြဲသွားနေကာ ပါးလွှာသော အတွင်းခံကို ပေါ်လွင်နေစေသည်။ သူမ၏ ပခုံးပေါ်နှင့် လက်ကောက်ဝတ်တွင် အနီရောင် အစက်အပြောက်များ ရှိနေသည်။

"သခင်မ..." လုယင်က မျက်ရည်များဝဲနေကာ သူမ၏ အသံက တုန်ခါနေပြီး စကားတောင် မပြောနိုင်တော့ပေ။

ရှန်းချင်းယန်က သူမကို ကူညီပေးခဲ့ပြီး သူမ၏အဝတ်အစားများကို စုစည်းပေးကာ လုယင်ကို သူမနောက်တွင် ကာကွယ်ပေးထားခဲ့သည်။

ထိုအချိန်တွင် ဟော်ရှကလည်း တုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်လာသည်။ သူ့မျက်နှာက နီမြန်းနေပြီး သူ့ခြေဖဝါးများ ခြေလှမ်းအနည်းငယ်အတွင်း ယိမ်းထိုးနေကာ မူးနေသည်ဟု သိသာထင်ရှားစွာ ပြသနေသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now