CH- 39

1.9K 189 11
                                    

အခန်း ၃၉ ဇာတ်ပွဲကောင်း

ကျင့်ရှန်းဝမ်အိမ်တော်တွင်...

"ဘာလဲ?" လင်းယွိရှန့် က စားပွဲကို ပုတ်ပြီး ထရပ်လိုက်သည်။

ရှန်းချင်းယန်က သူမ လွန်ကဲစွာ တစ်ခုခုလုပ်မည်ကို စိုးရိမ်သဖြင့် လက်ကောက်ဝတ်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။

ချင်းယန် နေမကောင်းကြောင်း လင်းယွိရှန့် သိလိုက်သောအခါ သူမ မျက်မှောင်ကြုတ် မကြုတ်ပဲ မနေနိုင်တော့ပေ။ ယနေ့တွင် သူမ၏ သူငယ်ချင်းကောင်းက ဝမ်းနည်းကြေကွဲမှုများစွာကို ခံစားနေရကြောင်း ကြားသိရသဖြင့် အထူးတလည် လာရောက်လည်ပတ်ခဲ့သည်။ ဝမ်းကွဲအစ်ကိုအားရှက အိပ်ရာဝင်အစေခံတစ်ဦးကို လက်ခံခဲ့ကြောင်း သူမ ကြားသိခဲ့ရသော်လည်း၊ ကောလဟာလတစ်ခုသာ ဖြစ်သည့်အတွက် သူမ ဂရုမစိုက်ခဲ့ပေ။

ခုတော့ အမှန်ဖြစ်လာခဲ့သည်။

"အဲဒါက တော်တော် အဓိပ္ပါယ်မဲ့တာပဲ! အိမ်ထောင်သက်က ဘယ်လောက်ကြာသေးလို့လဲ၊ ငါ့ဝမ်းကွဲက ဘယ်လိုဖြစ်လို့ ဒီလောက် စိတ်ရှုပ်စရာကောင်းရတာလဲ" လင်းယွိရှန့်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး တုန်လှုပ်စွာ ထိုင်ချလိုက်သည်။ "ဒါဆို ငါ့အဒေါ် ကရော ဘာပြန်ပြောသေးလဲ။ သူ(မ)က ဂရုမစိုက်ဘူးလား?"

ဒါကိုကြားတော့ ရှန်းချင်းယန်က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ သူမ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူမနေမကောင်းနေနတာ ထင်ရှားနေသည်။

ထိုညပြီးနောက်၊ ရှန်းချင်းယန်က ဟော်ရှက သူမကို တကယ်နှစ်သက်သည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ၊ သူက ထိုအမျိုးသမီးကို အိပ်ယာထက်မှ မလွှတ်နိုင်ဘဲ သူမကို အိမ်ကြီးထဲတွင်ပင် ဆက်လက်ထားခဲ့သည်။

သူမက ပို၍ပို၍ စိတ်ဓာတ်ကျလာသော်လည်း ဟော်ရှက သူမကို တိုးတိုးလေး ဖျောင်းဖျခဲ့သည်။ "ယန်ယန်၊ ဒီကြီးမြတ်တဲ့ချီရဲ့ တော်ဝင်မိသားစုမှာ ကိုယ်လုပ်တော်တွေ မောင်းမမိဿံတွေ အများကြီးရှိတယ်၊ ကျင့်ရှန်းဝမ်ဖေးအနေနဲ့ မင်းက သည်းမခံနိုင်လို့ မဖြစ်ဘူးလေ၊ အဲ့တာအပြင် ငါ့မှာ ကိုယ်လုပ်တော်တွေနဲ့ အိပ်ယာဝင်အစေခံတွေ ဘယ်လောက်ပဲရှိပါစေ ငါ့ရဲ့ ဝမ်ဖေးက မင်းအမြဲရှိနေမှာပါ၊ ငါ့နှလုံးသားထဲမှာ မင်းရဲ့ရပ်တည်ချက်က တစ်ခုတည်းသောအရာပါ"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now