CH- 60

1.7K 162 5
                                    

အခန်း ၆၀ အကြွေးတောင်းခြင်း

ဆန့်ကျင်ဘက်အနေနှင့် ရှန်းချင်းယန်၏မျက်နှာတွင် ခံစားချက် မရှိပေ။ သူမက လည်ပင်းကို ဆန့်တန်းနေပြီး ထိုင်ချလိုက်ပြန်သည်။ ထို့နောက် သူမက အံ့အားသင့်နေသော လဲ့ကျစ်ကို အနည်းငယ်ပြုံးပြပြီး "ရှင်းရှင်းလင်းလင်း မြင်ပြီလား၊ အဲ့ဒါက မင်း ကူညီခဲ့တဲ့လူပဲ"

လဲ့ကျစ်က အနည်းငယ် သတိပြန်ဝင်လာပြီး "ဟော်....ဟော်ရှလုပ်တာလား?"

အဲဒီ အနီရောင်နဲ့ အမဲရောက် အစက်အပြောက်တွေက ထူးဆန်းတယ်။ အရိုက်ခံရပုံ မပေါ်ဘူး... ဒါပေမယ့် နည်းနည်းတော့ ရင်းနှီးနေသလိုပဲ?

လဲကျစ်၏စိတ်ထဲမှ နက်နဲသော အမှတ်ရစရာများ ပေါ်လာပြီး လက်ထပ်ပွဲမတိုင်ခင် မော့မော့များက ပြသခဲ့သော အဲဒီစာအုပ်တွေကို ရုတ်တရက် သတိရမိသွားသည်။ စာအုပ်များ၏အတွင်းတွင် ရေးဆွဲထားသော ပုံစံများနှင့် ကိုယ်ဟန်အမူအရာများ အများအပြားပါဝင်ပြီး အားလုံးက ပုံပျက်ပန်းပျက်နှင့် ရှက်စရာကောင်းလှသည်။ ဒါကြောင့်လည်း မင်္ဂလာဆောင်ညမှာ သူမ တုန်လှုပ်နေခဲ့မိသည်။

စာအုပ်ထဲက အဲဒီအမျိုးသမီးများ၏ ခန္ဓာကိုယ်ပေါ်က သဲလွန်စတွေက ရှန်းချင်းယန်ရဲ့ အနီရောင် အမှတ်အသားတွေနဲ့ အလွန်ဆင်တူနေသည်။ ထို့ကြောင့် ထိုအရာများသည် ရိုက်နှက်ခံရသည့်အစား ကာမဆက်ဆံနေစဉ်တွင် ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံရခြင်း ဖြစ်နိုင်သည်။

"မင်းရော ငါရော နှစ်ယောက်လုံးက အိမ်ထောင်ကျပြီးပြီဆိုတော့ တစ်ချို့အရာတွေကို မင်းလည်း သဘာဝကျကျ နားလည်မှာပါ" ရှန်းချင်းယန်၏ နှုတ်ခမ်းများက မိမိကိုယ်ကို နှိမ့်ချသော အပြုံးများဖြင့် ပြည့်နေပြီး သူမက လဲ့ကျစ်ကိုကြည့်ကာ "ငါ့မှာ မျက်လုံးတွေ ရှိခဲ့ပေမယ့် မမြင်နိုင်ခဲ့ဘူး...မင်း.... "

ရှန်းချင်းယန်၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေခဲ့သည်။ ဤလီတိုင်းပြည်မှ မင်းသမီး၏အမြင်တွင် သူမ၏တိုင်းပြည်ကို ဖျက်စီးခံရခြင်းနှင့် သူမမိဘများ၏သွေးကြွေးအတွက် အမုန်းတရားတွေက ယောက်ျားတစ်ယောက်နဲ့ မယှဉ်နိုင်ဘူးလား။ သူမ တကယ်ကို နားမလည်နိုင်တော့ဘူး။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now