CH- 96 (Epilogue)

2.7K 172 14
                                    

အခန်း ၉၆ လက်ချင်းတွဲပြီး...

ဆောင်းရာသီ ကုန်ဆုံးပြီး နွေဦးပေါက်လာသောကြောင့် မြေပြင်က ပြန်လည်သစ်လွင်လာသည်။ ပူနွေးသော နွေဦးနေရောင်က အေးခဲသော နှင်းများအားလုံးကို အရည်ပျော်သွားစေပြီး တောင်တန်းများ၊ သစ်ပင်များနှင့် လယ်ကွင်းများတွင် စိမ်းလန်းစိုပြေပြီး သစ်လွင်မှုများနှင့် ပြည့်နှက်နေသည်။

သို့သော်လည်း ချီတိုင်းပြည်တွင် ဧကရာဇ် မရှိသေးပေ။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက တညီတညွတ်တည်း တောင်းဆိုခဲ့သော်လည်း ဟော်တူက လျစ်လျူရှုထားပြီး နန်းတက်ရန် ရည်ရွယ်ချက် မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သာမာန်နှင့် အရေးတကြီး အစီအရင်ခံစာများကို အရှေ့နန်းတော်သို့ ပို့ဆောင်ခဲ့ပြီး သူက ပြဿနာတစ်စုံတစ်ရာမရှိအောင် ကိုင်တွယ်ပေးခဲ့သည်။

ကြီးမြတ်လှတဲ့ တိုင်းပြည်ကြီးတစ်ခုမှာ ဘုရင်မရှိတာက အရမ်း ထူးဆန်းနေခဲ့သည်။

ထိုက်ဇီကို ဖြားယောင်းသွေးဆောင်ရန် မဖြစ်နိုင်သည်ကို သိလိုက်သောအခါ နန်းတွင်းအရာရှိများက ထိုက်ဇီဖေးကို သွယ်ဝိုက်တောင်းဆိုရန် စဉ်းစားခဲ့ကြသည်။ လဲ့ကျစ်နှင့် အဆက်အစပ်ရှိခဲ့သော ဝန်ကြီးချုပ်ကို အထူးပုဂ္ဂိုလ်အဖြစ် အဆိုပြုခဲ့ကြသည်။

ရှန်းဟွိုက်နှင့် တွေ့ပြီးနောက် လဲ့ကျစ်က သူမ၏ နာကျင်နေသော နားထင်ကို ပွတ်သပ်ရင်း စာဖတ်ခန်းထဲသို့ ဝင်လာသည်။

ဖယောင်းတိုင်မီးက တောက်ပစွာ ထွန်းလင်းနေပြီး သစ်မွှေးရနံ့က လွင့်မျောနေသည်။

သူမက ခြေလှမ်းကို ဖွဖွလေးနင်းကာ စားပွဲပေါ်ရှိ အစီအရင်ခံစာများကို ပြန်လည်သုံးသပ်နေသူဆီသို့ လျှောက်သွားလိုက်သည်။ သူ့နံဘေးတွင် ခေါင်းသေးသေးလေးက အိပ်ပျော်နေကာ အလွန်ပင်ပန်းနေပုံပေါ်သည်။

ထော့ကျိုးလေးဟော်က သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသည်။

မူလက အစီအရင်ခံစာများကို ပြန်လည်သုံးသပ်ရန် ခေါင်းငုံ့ထားသူက သူမကို လာနေသည်ကို အာရုံခံစားနိုင်ပုံရပြီး သူမကို ကြည့်ရန် မျက်လုံးများကို ပင့်တင်လိုက်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now