Description

13.3K 413 35
                                    

မသန်စွမ်းအိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ပြီးနောက် ရန်သူ့တိုင်းပြည်ဆီသို့.....

(သို့)

ရန်သူ့အိမ်ရှေ့စံ

ဖော်ပြချက်

လီတိုင်းပြည်ရဲ့မင်းသမီးလေး လဲ့ကျစ်က အရမ်းချစ်စရာကောင်းပြီး ပျိုပင်နီပန်းလေးလို လှပတဲ့ မိန်းခလေးပါ။

သို့သော် သူမရဲ့တိုင်းပြည် ပျက်စီးသွားတဲ့ အခါတွင် သူမက လူသေများ၏ အရိုးများကို နင်းကာ ငရဲပြည်မှ တွားသွား ရုန်းကန်ထွက်လာခဲ့ပြီး သူမ၏ ငယ်ချစ်ဦးဖြစ်တဲ့ ဟော်ရှက သူမကို ရန်သူ့တိုင်းပြည်ဖြစ်တဲ့ ချီသို့ ပို့လိုက်သည်။ အဲ့ဒိ ကျေးဇူးမသိတက်တဲ့ မုန်းစရာကောင်က ငယ်ငယ်ကတည်းက ဓားစားခံမင်းသားအဖြစ် လီတိုင်းပြည်ကို ရောက်နေခဲ့တာလေ။

ဟော်ရှက သူမကို ချစ်မြတ်နိုးစွာ ကြည့်ပြီး "ကျစ်ကျစ်၊ အိမ်ရှေ့စံမင်းသားကို ဆွဲချဖို့ ကူညီပေးပါ၊ မင်းက အနာဂတ်မှာ ငါ့ရဲ့ တစ်ဦးတည်းသော ဧကရီ ဖြစ်လာမှာနော်"

လဲ့ကျစ်က သူမ၏ သွေးကြွေးတွေကို ဖုံးကွယ်ပြီး ဟန်ဆောင်ပြုံးတစ်ခုနဲ့ သဘောတူလိုက်သည်။

ချီတိုင်းပြည်၏အိမ်ရှေ့စံမင်းသားဟော်တူက "မသေမျိုးလောက"ကနေ နှင်ထုတ်ခံရလို့ လူ့ပြည်ရောက်နေတဲ့ပုံ ပေါက်နေပေမယ့် သူက ညာဘက်ခြေထောက်မကောင်းတဲ့ မသန်စွမ်းသူဖြစ်နေသည်။ သူက လှည့်စားတက်ပြီး အကြင်နာကင်းမဲ့ကာ ရူးသွပ်နေတဲ့ နတ်ဆိုးလိုလူပေါ့..

တစ်နေ့မှာတော့ သူရဲ့ခမည်းတော်ဘုရင်မင်းမြတ်က သူ့အတွက် လက်ထပ်ပွဲတစ်ခု ချီးမြှင့်ခဲ့ပြီး လက်အောက်ခံတိုင်းပြည်၏ မင်းသမီးကို ပေးအပ်ခဲ့သည်။

ဟော်တူက တခါပြီး တခါ လှောင်ပြောင်ပြီးရင်း လှောင်ပြောင်နေတော့သည်။

ဘာတဲ့ ....ဟော်ရှရဲ့ ငယ်ချစ်ဦးတဲ့လား....?????

အလှထောင်ချောက်လေးတဲ့လား.......??????

အို......သူ့ရဲ့ တော်ဝင်ညီတော်လေးက တကယ်ကိုပဲ စိတ်အားထက်သန်နေတယ်ပေါ့လေ.....

ရန်သူ့အိမ်ရှေ့စံHikayelerin yaşadığı yer. Şimdi keşfedin