အပိုင်း ၂ [Unicode+Zawgyi]

2.3K 58 0
                                    

Unicode

Part 2

ကျောင်းဝန်းအတွင်း တိုက်ခတ်နေသော လေပြေအေးလေးနှင့်အတူ ရှူမငြီးချင်စရာ ကျောင်းပတ်လမ်းတစ်လျှောက်မှ စိန်ပန်းပင်များ၏အကိုင်းအခတ်များမှာ‌ဘယ်ညာယိမ်းနွဲ့နေကြသည်။

အနီရောင်အပွင့်များ ရဲထနေအောင်ပွင့်နေပါသောစိန်းပန်းပင်ကြီးက ကျောင်းသား/သူ များအားကြိုဆိုနေသယောင်။ထိုစိန်ပန်းပင်များအောက်၌ဓာတ်ပုံရိုက်နေကြသောမိန်းမပျိုလေးများလည်းအစုလိုက်။

ကျောင်းဖွင့်စရက်ဖြစ်သည့်အလျောက် ကျောင်းလမ်းတစ်လျှောက် ကျောင်းသားများ၏ခြေလှမ်းများမှာ ဌာနရှာသူကရှာ ၊ အခန်းရှာသူကရှာနှင့်ယောက်ယက်ခက်နေကြသည်။

ထိုအချိန်၌ပင် အစိမ်းနှင့်အနက်ရောင် ရောယှက်ထားသော Kawasaki Ninja
ဆိုင်ကယ်တစ်စီးအရှိန်ဖြင့်မောင်းနှင်လာခဲ့ခြင်းဖြစ်သည်။

ရှိုင်းမြတ် ထိုဆိုင်ကယ်သမားအား ဒေါသမျက်လုံးများဖြင့်ကြည့်နေသော်လည်း ထိုသူကတော့ ဦးတည်ရာကိုအရှိန်မပျတ်ဆက်လက်မောင်းနှင်သွားခဲ့သည်။

ထိုသူသည် သူတို့နှင့်မလှမ်းမကမ်းနေရာအရောက်တွင် အရှိန်လျှော့ကာ အနီးရှိဆိုင်ကယ်စတန်း၌ စက်သပ်လိုက်သည်။

ရှိုင်းမြတ် ထိုသူဆီသို့ ဝုန်းဒိုင်းရောက်ချသွားလေသည်။

"ဒီမှာ မင်းဆိုင်ကယ်ကိုလူလိုသူလိုမောင်းလို့မရဘူးလားကွ အကုန်သေကုန်တော့မှာပဲ "

ထိုသူသည် သူ့အားအရေးမလုပ်။

ဆိုင်ကယ်ပေါ်မှဆင်းလိုက်ကာ ဆောင်းလာခဲ့သော အနက်ရောင်မှန်အပြည့်ချထားသည့် ဆိုင်ကယ်ဦးထုပ်အားချွတ်လိုက်သည့်အချိန်....စင်းကျလာသောဆံနွယ်များမှာအနည်းငယ်ကောက်ကွေး
နေပြီး သူ၏မျက်လုံးများမှာလည်းညှို့ဓာတ်အားပြင်းလှကာ မဲ‌နက်လှသောမျက်ခုံးမွှေးများဖြင့် အုပ်မိုးထားလေသည်။ မထူမပါးနှုတ်ခမ်းသားနှင့် ဖြူဖွေးသောအသားအရောင်တို့ကြောင့်
လည်း ချောမောခန့်ငြားမှုမှာပေါ်လွင်နေသည်။

သို့‌သော်နားတစ်ဖက်တွင်တော့ နေရာလွတ်မကျန်ပန်ဆင်ထားသောနားတောင်းများမှာပုံစံအမျိုးမျိုးနှင့်။ အနက်ရောင်ဆွယ်တာအက်ျီကို ဝတ်ဆင်ထားပြီး အဖြူရောင်T-shirtအပါးအားအ‌ပေါ်ထပ်အဖြစ်ဝတ်ဆင်ထားကာ ညာဘက်လည်ပင်းတွင်ဘေးတိုက်ထိုးထားသောပန်းပွင့်ပုံ တက်တူးများရှိနေသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now