အပိုင်း ၈ [ Unicode+Zawgyi]

1K 43 1
                                    

Unicode

၅ပတ်ကြာလေ့ကျင့်ပြီးသည့်နောက် fresher welcomeနေ့သို့ရောက်လာခဲ့သည်။

ဘွဲ့နှင်းခန်းမတစ်ခုလုံးလည်း လူတွေအပြည့်။
မေဂျာပေါင်းစုံမှ Fresherလေးများ ၊ စီနီယာကျောင်းသား/သူများသည်လည်း ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုရန် အသင့်ဖြစ်နေကြပြီ။

ရှေ့ဆုံးမှာတော့ ပါမောက္ခချုပ်ကြီးနှင့်တကွ ဆရာ/ဆရာမ များ ၊ ဌာနဆိုင်ရာမှအကြီးအကဲများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များမှ နေရာယူထားကြသည်။

ပထမဦးစွာ ပေါမောက္ခချုပ်မှ အဖွင့်အမှာစကားစတင်ပြောကြားခဲ့ပြီးနောက် မေဂျာပေါင်းစုံမှ ဖျော်ဖြေတင်ဆက်မှုများအား တခဲနက်ကြည့်ရှုအားပေးကြသည်။
မတူညီသော ကပြဖျော်ဖြေမှုများ၊ သရုပ်ပြဖျော်ဖြေမှုများနှင့် ဘွဲ့နှင်းခန်းမကြီးတစ်ခုလုံးအသက်ဝင်လှုပ်ရှားနေ‌တော့သည်။

ယခုဖျော်ဖြေနေသည့်အဖွဲ့မှာ ချမ်းမင်းတို့အဖွဲ့ဖြစ်သည်။ ချမ်းမင်းသည် ယနေ့တွင်တော့ ဆိုဒ်အပြည့်ဖြင့် အဖြူရောင်တိုက်ပုံလက်ရှည်နှင့်စိမ်းဖန့်ဖန့် ယောပုဆိုး အားဝတ်ဆင်ထားသည့်ပုံမှာ တက္ကသိုလ်ကျောင်းသားဆိုဒ်အပြည့်ပေါ်လွင်နေသည်။

ချမ်းမင်းအားတစ်ချက်ကြည့်ပြီး မိမိကိုယ်ကိုယ်ပြန်ကြည့်လိုက်မိတော့ အချွန်အတက်အတို့အထောင်များနှင့် အဖြူရောင်‌ရာမမင်း၏ဝတ်စုံ ။ ရုပ်ခံလေးရှိနေပေလို့တော်ပေသည်။ ရုတ်တရက် ဒဿဝတ်စုံဝတ်ထားမည့် ရှင်မင်းမြတ်အား တွေးကြည့်မိကာ တစ်ချက်ရီလိုက်မိသည်။

" ရှိုင်း အဆင်သင့်ဖြစ်ပြီလား။ ငါတို့အလှည့်ရောက်တော့မယ် ။ "

စင်၏‌အနောက်ဘက်တွင် ဖျော်ဖြေတင်ဆက်မည့်သူများအတွက် လိုက်ကာ,ကာရံထားသော နေရာနှစ်ခုရှိတယ်။ ဘယ်ဘက်တွင် ရှိုင်းမြတ်နှင့် မေသဲ နေရာယူထားပြီး ညာဘက်တွင်တော့
ရှင်မင်းမြတ် နေရာယူထားလေသည်။

မေသဲသည်လည်း တစ်လက်လက်တောက်ပနေသော အဖြူရောင်မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားသည့်ပုံမှာ ဒေဝီလေးတစ်ပါးလို။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now