အပိုင်း ၁၈ [ Unicode+Zawgyi]

950 38 0
                                    

Unicode

ရှိုင်းမြတ်ကိုသူ့‌နေအိမ်သို့ခေါ်လာခဲ့လိုက်တော့

" ဟေ့ရောင် အတန်းတတ်ရအုံးမှာလေ "

" မတတ်တော့နဲ့ "
အပေါ်ထပ်ကအခန်းထဲသို့ချစ်ရသူကိုဆွဲခေါ်သွားလိုက်ပြီး‌နောက် ကုတင်‌ပေါ်တွင်ထိုင်စေကာ သူကတော့ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ပြန်ထွက်လာချိန်မှာတော့ သွားတိုက်ဆေးတစ်ဘူးယူချလာလိုက်ပြီး

" လက်ပေး "

" နေပါအုံး မင်းရဲ့ဆေးက အဲ့တာလား "

" အေးပေါ့ ‌အပူလောင်တာဘာဆေးထည့်ရမှာတုန်း "

ရှိုင်းမြတ်တစ်ချက်ပြုံးလိုက်မိသည်။တစ်သက်လုံးဘယ်သူ့မှမပြုစုဘူးတဲ့ပုံမျိုးနဲ့ သူ့ကိုဆေးထည့်ပေးဖို့ ကျောင်းကနေ အိမ်အထိပြန်ခေါ်လာတယ်တဲ့လား။

" ငါ့တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့မှ ဒီလိုမလုပ်ပေးဖူးဘူး။ မင်းရှေးဘဝက ကုသိုလ်တွေအများကြီးလုပ်ခဲ့တယ်နဲ့တူတယ် "

" ငါကတော့ မင်းနဲ့တွေ့ရတာ ဝဋ်ကြွေးလို့ပဲထင်တယ် "

" ဝဋ်ကြွေးဆိုရင်တောင် ချိုမြိန်တဲ့ဝဋ်လေးဖြစ်မှာပါ။ ဘာဖြစ်လို့လဲသိလား "

"......"

" ဘယ်ဝဋ်ကြွေးရှင်က ငါ့လောက်ဂရုစိုက်ပေးနိုင်မှာလဲ "  ပြောပြောဆိုဆို သွားတိုက်ဆေးဘူးမှ သွားတိုက်ဆေးအနည်းငယ်ကို ညှစ်ယူလိုက်ပြီး ရှိုင်းမြတ်ရဲ့လက်ဖမိုးမို့မို့လေးပေါ် သို့ပုံလိုက်ကာ ပါးစပ်ကနေလည်းလေအေးလေးတွေ တဖူးဖူးမှုတ်ပေးနေလိုက်သည်။ ရှိုင်းမြတ်လည်း ထိုသူကိုကြည့်ရင်း မင်းငါ့ကိုဂရုစိုက်လေလေ ငါပင်ပန်း‌လေ‌လေပဲ ဟုအသံတိတ်ရေရွတ်နေလိုက်မိသည်။

" ဒါနဲ့ မင်းနဲ့ဟိုတစ်ယောက်ကဘာတွေလဲ "
ထိုကောင်လေးရဲ့ စိတ်ထဲမှာအခြားတစ်‌ယောက်နေရာယူသွားမှာ စိုးရွံ့သဖြင့်မေးလိုက်မိသည်။ သူ မကြားချင်ဆုံးအဖြေကိုကြားရမည်လည်းစိုးရွံ့နေခဲ့မိသည်။

" ဘယ်တစ်ယောက်လဲ "

" ဟို ကောင်မလေးလေ "

" ဪ~~မင်းကကောဘာလို့ထင်လဲ "

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now