အပိုင်း ၃၄ [Unicode +Zawgyi]

772 14 1
                                    

Unicode + Zawgyi

ဘယ်လောက်ကြာကြာအိပ်ပျော်သွားသည်မသိ။ သူနိုးလာတော့ ဘေးတစ်ဘက်မှာရှင်မင်းမြတ်ရှိမနေပေ။ မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့အဝတ်အစားတွေ။

အိပ်ခန်းတံခါးကိုဖွင့်ကာ အောက်ထပ်ကိုဆင်းလာခဲ့တော့ ရှင်မင်းမြတ်ဧည့်ခန်းထဲမှာလည်းရှိမနေ။ မီးခိုခန်းဘက်က ပန်းကန် ခွက်ယောက်သံကြားမှ သွားကြည့်လိုက်တော့ မနက်စာကိုယ်တိုင်ပြင်နေလေသူကို တံခါးပေါက်ဘောင်ကိုအမှီပြုလို့လက်ပိုက်ကာကြည့်နေမိသည်။ မနက်စာအတွက်ဘာတွေများပြင်နေပါ့လိမ့် စူးစမ်းစိတ်နဲ့လှမ်းကြည့်မိတော့ ကော်ဖီပူပူနှစ်ခွက်ကအငွေ့တထောင်းထောင်းနှင့်။ ဘေးကပန်းကန်ပြားအလွတ်ဆီကိုတော့ဖြင့် ဘယ်အချိန်ကသွားဝယ်ထားမှန်းမသိတဲ့ အီကြာကွေးကိုထည့်လိုက်ကာ ပြီးပြည့်စုံတော့မည့်မနက်စာအတွက်ထိုသူ၏မျက်နှာသည်လည်းအပြုံးချိုချိုကိုဆင်မြန်းလိုက်သည်။

မနက်စာကိုဂရုတစိုက်ပြင်ဆင်နေတဲ့ထိုသူဆီမှ မနက်ခင်းရဲ့နေရောင်ခြည်ဓာတ်အလား နွေးထွေးမှုတို့ကိုခံစားမိနေ‌သည်။ အိပ်ရေးဝခဲ့ပေမဲ့ ခန္ဓာကိုယ်မှာနွမ်းနယ်နေသေးတာကြောင့် ထိုသူအားအ‌နောက်မှသိုင်းဖက်လိုက်ရင်း ပုခုံးထက်မျက်နှာအပ်ထားမိသည်။

" နိုးပြီလား မောင် "

" အင်းးး "   ပင်ပန်းမှုကြောင့်မျက်စိကိုမှိတ်ထားရင်းမှ‌လေးတွဲစွာအဖြေပြန်ပေးမိသည်။

" ဗိုက်ကောဆာနေပြီလား "

" အင်းးး "

" ‌breakfast အတွက်ကိုယ်‌ကော်ဖီလေးပဲပြင်ထားတယ်...မောင် ကြိုက်တယ်မလား..."

" အင်း ... ကြိုက်တယ် "

" ကိုယ့်ကိုကော..? "

" အင်း ... ကြိုက်...! "
သံယောင်လိုက်ကာပြောနေရင်း ထိုသူ့စကားမှာ အငိုက်မိသွားခဲ့သည်။ ထိုသူ့သည်တော့ ကျေနပ်စွာပြုံးရယ်လိုက်ရင်း

" အင်းးးးး မောင်ကငါ့ကိုကြိုက်နေတာပဲ ဘာလို့စောစောကမပြောတာလဲ "
ရှိုင်းထိုသူရဲ့ခေါင်းကို သူ့ရဲ့ခေါင်းနဲ့အသာအယာတိုက်ပစ်လိုက်ပြီး

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now