အပိုင်း၂၅ [ Unicode+Zawgyi]

798 24 0
                                    

Unicode

ရှိုင်းမြတ်ရဲ့ရင်ထဲမှာတော့ မဝံ့ရဲမှုနှင့်ထိုမဝံ့ရဲမှုကိုတွန်းလှန်ချင်စိတ်တို့ကကြိုးတစ်ချောင်းထဲကိုတစ်ဖက်စီမှနေ၍ပြိုင်ဆွဲနေသလိုပင်။ ‌အနောက်မှသိုင်းဖက်ထားသူရဲ့လက်အား ဖြေလျော့လိုက်ပြီး ထိုသူဆီသို့မျက်နှာမူလိုက်ကာပေါ့ပါးစွာပြုံးပြလိုက်ပြီးနောက်

" အိမ်မှာ ဝတ်ရည်ကမင်းနဲ့ဂိမ်းဆော့မို့တဲ့စောင့်နေတယ် "

ရှင်မင်းမြတ်နှုတ်ဆိတ်ကာ မျက်နှာညှိုးငယ်နေရာမှရှိုင်းမြတ်အားတစ်ချက်ပြန်ကြည့်လိုက်ပြီး

" အင်း ငါသွားလိုက်မယ် "

သူတို့နှစ်ယောက်ရဲ့စကားဝိုင်းမှာယခင်အချိန်များနှင့်မတူ စကားစပြတ်ပြတ်သွားသည်။ ရှင်မင်းမြတ်ရဲ့ပြန်ဖြေသံကိုကြားရပြီးတော့ ထိုကောင်လေးသူ့အားပြန်ကျောပေးလိုက်ပြန်ကာ ရှေးတူရှုသို့တစ်လှမ်းချင်းထွက်ခွာသွားလေသည်။

" မိုးတွေပိုကျလာလိမ့်မယ်။ ဘယ်သွားမလို့ပါလိမ့် "

ရှင်မင်းမြတ်ထိုကောင်လေး၏နောက်ကျောပြင်အားငေး‌မောကြည့်နေရင်း တီးတိုးရေရွတ်နေလိုက်မိသည်။ပြီးတော့သူသိချင်သည်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအရင်အချိန်တွေလိုပြန်ဖြစ်နိုင်ပါအုံးမလား။ သူမကျော်ရမဲ့စည်းတစ်ခုကိုမိုက်ရူးရဲဆန်စွာကျော်လိုက်မိပြီလား။

ခြောက်လမ်းသွားလမ်းမကြီးရဲ့ဘေး လူသွားလမ်းလေးပေါ်မှာတော့ လူငယ်လေးတစ်ယောက်ဟာကတ္တီပါဖိနပ်အပါးကိုစီးထားပြီး ဖွေးရွသောခြေလှမ်းများနှင့်အတူ ခရီးဆက်နေလေသည်။ ရှိုင်းမြတ်တစ်ယောက်ထဲ‌ကျောင်းသို့အစောထွက်လာခဲ့ခြင်းဖြစ်‌လေသည်။အိပ်ရေးမက်သူထိုလူသည်တော့ သူအဝတ်အစားဝတ်ဆင်နေချိန်မှအိပ်ရာမှ ကမူးရှူးတူးထလာခဲ့လေသည်။ ယခုတော့ရေချိုးနေလောက်ပေမည်။ ရှင်မင်းမြတ်ကိုသာ ယခင်နေ့ကဖြစ်ခဲ့သည့်ထိုကိစ္စကိုမရှိခဲ့သလိုသဘောထားလိုက်ရအောင်ဟုပြောခဲ့သည်။ သူကိုယ်တိုင်သည်တော့ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။ သူတို့နှစ်ယောက်ကြားမှာထိုကဲ့သို့ကိစ္စဖြစ်ပြီးမှ ပုံမှန်အတိုင်းပြန်နေဖို့ဆိုတာ မည်သို့ဖြစ်နိုင်တော့မည်နည်း။ သူတို့တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပဲဟန်ဆောင်နေစေကာမူအချင်းချင်းရဲ့စိတ်ထဲမှာအစွန်းအထင်းလေးတွေရှိနေပြီမဟုတ်ပါလား။ သူအတွေးပေါင်းစုံနှင့်ချာလပတ်လည်နေတုန်း အနောက်မှသူ့နာမည်အားခေါ်လိုက်သံကိုကြားလိုက်ရ၍လှည့်ကြည့်လိုက်ရာ ထိုနေ့ကမိန်းကလေး။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now