အပိုင်း ၃၇ [ End ]

931 24 0
                                    

Unicode

ဗေဒါအပြည့်နဲ့ကန်ရေပြင်ကိုလှမ်းမျှော်ကြည့်ရင်း ခုံတန်းလျားပေါ်မှာရှိနေသူသည်တော့ သက်ပြင်းတစ်ချက်ကိုသာတီးတိုးချရင်း ။

ဒီပတ်ဝန်းကျင်၊ ဒီလေပြေသည် ဘယ်နေရာမှထူးထူးခြားခြားပြောင်းလဲခြင်းမရှိခဲ့ ။

ဒီနေရာလေးကိုနေ့တိုင်းလာထိုင်ဖြစ်ခဲ့သည်မှာလည်း တစ်လပင်ပြည့်တော့မည်။ တစ်ဘဝလုံးစာရည်ရွယ်ခဲ့သူသည်ကော ကောင်းကောင်းမွန်မွန်ရှိနေလေရဲ့လား ၊ တွေ့ချင်စိတ်ကို ဝေးခဲ့ရတဲ့ရက်တိုင်းမှာ အသည်းအသန်ပင်ထိန်းသိမ်းနေရဆဲ ၊ ဖြစ်နိုင်လျှင် တိတ်တိတ်လေးဖြစ်
ဖြစ်‌တော့ခိုးကြည့်နေချင်‌ပေသေးသည်။

မောင် သူ့ကိုအပြစ်မမြင်မှန်းသိပေမဲ့ အားနာစိတ်ကြောင့်မျက်နှာခြင်းမဆိုင်ရဲခဲ့ခြင်း။ အနားမှာဆက်ရှိနေလျှင် မောင်ထပ်ထိခိုက်မည်လည်းစိုးရသေးသည်။ အကောင်းဆုံးကတော့ မောင်နဲ့အဝေးတစ်နေရာမှရှိနေခြင်းပါပဲ နှလုံးသားတစ်ခုလုံးပေါက်ထွက်သွားတော့မလို့နာကျင်ရပေမဲ့ပေါ့....

အတွေးတွေနဲ့ ကသောက်ကယှက်ဖြစ်နေတုန်း ကော်လံစကိုကိုင်ဆွဲခံလိုက်ရပြီး အနောက်ဘက်သို့ဆွဲလှည့်ခံလိုက်ရလေသည်။

" ဟာ...မောင့် ....!! "

" ကဲကွာ "

တစ်လနီးပါးလုံး ပျောက်သောသူကိုနေရာအနှံ့လိုက်ရှာရင်း ယောက်ယှက်ခတ်ခဲ့ရသည်။
ရုတ်ချည်းပျောက်သွားသူကို တကယ့်တကယ် တွေ့လိုက်ရတော့လည်း ထားသွားရကောင်းလား စိတ်ဆိုးဒေါသထွက်မိကာ ဆွဲထိုးပစ်လိုက်မိသည်။ ပြီးတော့ ထိန်းမနိုင်ထွက်ကျလာတဲ့မျက်ရည်စတွေ။

"ငါ့ကို ထားသွားချင်အုံး ... ပျောက်သွားချင်အုံး "
ပါးစပ်ကပြောရင်း လက်ကပါတရပ်စပ် ထိုသူရဲ့လက်မောင်းသားတို့ကိုခပ်ညှာညှာလေး ရိုက်ပုတ်နေမိသည်။

" အာ့...မောင့် နာတယ် ... "

" နာလေနာ သေအောင်နာ...ထားခဲ့ခံရတုန်းကကော ငါဘယ်လောက်နာကျင်ရတယ်ထင်လဲ ကိုယ်ချင်းစာတရားမရှိတဲ့ကောင် မင်းကိုဒီနေ့အသေရိုက်သတ်ပစ်မယ် "
~~~~~~
တရစပ်ရိုက်ပုတ်နေတဲ့လက်ကို တားရင်း မောင့်ကို ရင်ခွင်ထဲထည့်ကာချုပ်ထားရတော့သည်။
ဒါတောင်အတင်းရုန်းကန်နေဆဲ ။

You've reached the end of published parts.

⏰ Last updated: Jun 04 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now