အပိုင်း ၂၉ [Unicode+Zawgyi]

1K 24 3
                                    

Unicode ~~~

ထိုနေ့မှစပြီး စာမေးပွဲကြီးပြီးသည်အထိ
ရှင်မင်းမြတ်အိမ်ကိုမလာခဲ့တော့။ အတန်းချိန်တွေတော်တော်များများပြတ်လေ့ရှိတဲ့
ရှင်မင်းမြတ်က အတန်းလာတက်တဲ့အချိန်တွေမှာလည်း သူ့အားခပ်တန်းတန်းပဲဆက်ဆံလေသည်။ အတန်းချိန်ပြီးတိုင်း သူ့လွယ်အိတ်သူကောက်ဆွဲပြီး ပြန်သွားမြဲ ။ သူရတို့ချမ်းမင်းတို့နှင့်တော့ တညတလေ ဝိုင်းဖွဲ့ပြီးသောက်ကြသည်ဆို‌သည်။ ယနေ့သည်တော့ စာမေးပွဲကြီးပြီးဆုံးပြီဖြစ်သောကြောင့် သူငယ်ချင်းတစ်စုချောင်းသာတို့ ၂ညအိပ်၃ရက်ခရီးထွက်မည့်နေဖြစ်လေသည်။ အစကသူလိုက်ရန်စိတ်ကူးမရှိခဲ့ပါ။ ဆိုင်မှာလည်းမေမေ့ကိုကူညီရအုံးမည်မဟုတ်ပါလား။ သို့သော် ချမ်းမင်းနှင့်သူရက သူလိုက်ရန်သဘောမတူမချင်းအိမ်မှာပဲတကျီကျီလုပ်ပြီးအတင်းခေါ်နေကြလေသည်။ နောက်ဆုံး မေမေကပါလိုက်သွားရန်ပြောနေသောကြောင့် လိုက်လာခဲ့ရတော့သည်။

သူချမ်းမင်းတို့နှင့်ချိန်းဆိုထားသောနေရာမှ လာခေါ်မည့်ကားကိုစောင့်နေလေသည်။ ဆယ်မိနစ်လောက်ကြာတော့ ကားရောက်လာလေသည်။ သူကားပေါ်တက်လိုက်တော့ ကားပေါ်မှာ ချမ်းမင်းနှင့်သူရက ဘယ်ဖက်နှစ်ယောက်တွဲခုံမှာထိုင်နေကြသည်။ သူတို့ရဲ့နောက်မှာက မေသဲ သူ့အားလက်‌ဝှေ့ရမ်းပြနေသည်။ ချမ်းမင်းတို့ရဲ့ညာဖက်ခုံမှာတော့ မေသဲရဲ့သူငယ်ချင်းနှစ်ယောက်။ ပြီးတော့သူမတို့ရဲ့နောက်မှာက ထိုသူ။ နားကြပ်ကိုတပ်ထားရင်း လက်ပိုက်ထားကာ အိပ်ပျော်နေသည်လားမသိ၊ မျက်လုံးတွေပါမှိတ်ထားလေသည်။ သူလည်း မေသဲရဲ့ဘေးခုံမှာဝင်ထိုင်လိုက်လေသည်။ ထို့နောက်ကားသည်လည်းရှေ့သို့ခရီးဆက်သွားလေသည်။ မကြာမီကားစက်ရပ်သွားပြန်သည်။ ပြီးနောက်ကားတံခါးပွင့်လာပြီး မိန်းကလေးတစ်ယောက်တက်လာခဲ့သည်။ T-shirt အင်္ကျီအဖြူနှင့် ဂျင်းပြာဘောင်းဘီရှည်ကိုဝတ်ထားသောထိုမိန်းကလေးက ရှင်မင်းမြတ်ရဲ့ဘေးခုံမှာဝင်ထိုင်လေသည်။
ပြီးနောက် ရှင်မင်းမြတ်ရဲ့နားကြပ်တစ်ဖက်ကိုဆွဲဖြုတ်လိုက်ပြီး

" ဘာသီချင်းတွေများအဲ့လောက်နားထောင်နေတာလဲ၊ ငါလာတာတောင်မသိရအောင် "
ပြုံးရွှင်ရွှင်မျက်နှာထားနဲ့ပြောနေတဲ့သူမက ထိုဆွဲဖြုတ်လိုက်သောနားကြပ်ကိုကောက်တပ်လိုက်ပြီး ခေါင်းလေးတစ်ချက်မှနှစ်ချက်ငြိမ့်နေလေသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now