အပိုင်း ၁၁ [Unicode+Zawgyi]

1.1K 43 1
                                    

Unicode

ရှင်မင်းမြတ်၏ခေါ်ဆိုမှုကို သူရနှင့်ချမ်းမင်းကလည်းသဘောတူကာ လိုက်သွားရန်တိုက်တွန်းကြသည်။

" ဟေ့ကောင် သူငါ့ကိုအနိုင်ကျင့်နေရင်ဘယ်လိုလုပ်မလဲ။ အစောနကဟိုလူ့ကိုဆော်ထည့်လိုက်တာပဲကြည့်ပါ့လား "
ချမ်းမင်းနားတိုးကာနှစ်ကိုယ်ကြား အသံခပ်တိုးတိုးဖြင့် ရှိုင်းမြတ်ပြောလိုက်တော့

" ကြောက်ရမှန်းသိသေးတယ်ပေါ့။ မင်းလိုက်သွားမှာသူ့အိမ်နော် တည့်တည့်ရှုရှုနေ၊ ပြေပြေလည်လည်ဆက်ဆံ၊ တစ်ခါအထိုးခံရပြီးပြီ နောက်ထပ်လက်သီးထပ်မတောင်းတော့နဲ့။ အနောက်မှာလည်း ဖုံတွေနဲ့ ခါလိုက်အုံး "

ချမ်းမင်းပြောမှ ကိုယ့်ဘာသာပြန်ကြည့်မိပြီး အဝတ်အစားများ၌တင်နေသော ဖုံများကို ပုတ်ပတ်ခါလိုက်ရသည်။

" အေးပါကွ ငါကအားနာလို့ပါ။ ငါ့ကြောင့်နဲ့အတန်းပျတ်ရမဆိုးလို့။ "

" အားနာမနေပါနဲ့ရှိုင်းမြတ်ရယ်။ ငါတို့လည်းအတန်းချိန်နီးနေပြီသွားရတော့မယ် "
တစ်ချိန်လုံး ဘာစကားမှမပြောဘဲ ပွဲကြည့်ပရိသတ်လုပ်နေသော EC မှ နာရီတကြည့်ကြည့်နှင့် ပြောလိုက်သည်။

" ဟုတယ်...ခေါ်တဲ့သူကတောင် ခေါ်နေပြီပဲ။ လိုက်သွားလိုက်...ဒါနဲ့...ဒီနေ့မိုးရွာမလားမသိဘူး။ ကောင်းကင်ကြီးက ထူးဆန်းလိုက်တာ... "

သူရပြောလို့ ရှိုင်းမြတ်ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး

" မရွာပါဘူး...ကြည်တတ်နေတာပဲ "

" အေး...ဟုတ်တယ်‌ဟေ့....တော်တော်ကြည်နေတာ "
ရှင်မင်းမြတ်ကို ကြည့်ရင်း သူရခေါင်အထာနဲ့ပြောလိုက်တော့ ကာယကံရှင်သည် မျက်နှာလွှဲလိုက်ကာ တောင်ကြည့်မြောက်ကြည့်နှင့်မျက်လုံးချင်းမဆုံမိရန်ကြိုးစားနေ‌လေသည်။

" ဟင်းဟင်းးးးငါသိနေတယ်နော်...ငါသိနေတယ်..."

"ဘာသိတာလဲကွ...ငါ့လည်းပြောပါအုံး" သူရရဲ့ဂုတ်ပေါ်လက်တင်လိုက်ပြီးနောက် ချမ်းမင်းမေးမြန်းခန်းဝင်လိုက်သည်။

" မင်းလို ငတုံးကတော့ ဘာမှသိမှာမဟုတ်ဘူး....ကျောင်းပြန်မယ် ပါးစပ်ပိတ်ပြီးလိုက်ခဲ့ "
ပြောပြောဆိုဆို သူရခေါင် ရှေ့ဆုံးမှ ဦးဆောင်ကာပြန်သွားတော့သည်။
ထို့နောက် ချမ်းမင်းနှင့်ECလည်း ‌ကြောင်တောင်တောင်နှင့် သူတို့အားနှုတ်ဆက်ကာ အနောက်မှလိုက်သွားကြတော့သည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now