အပိုင်း ၂၆ [ Unicode+Zawgyi]

789 23 0
                                    

Unicode

ပုံမှန်မဟုတ်တဲ့စိတ်ခံစားချက်တို့နဲ့အတူ ပုံမှန်မဟုတ်သောခြေလှမ်းများ။ စိမ်းလန်းစိုပြေကာသာယာမှုအပေါင်းခညောင်းနေသော တက္ကသိုလ်ကျောင်းဝန်းကြီးအတွင်းတွင်တော့ရှိုင်းမြတ်တစ်ယောက် ခြေလှမ်းတို့ကို ပုံမှန်ထပ်‌လျှော့ကာဖြေးညှင်းစွာလျှောက်လာနေမိသည်။သူ၏အတွေးများသည်လည်း ဟင်းလင်းပြင်တစ်ခုအလား။ အဆုံးမရှိသောထိုအတွေးတို့နှင့်အတူ အဖြေရှာမရသောပုစ္ဆာတို့သည်လည်းအမြောက်အမြား။ တစ်ဖက်လူသည်တော့သူ၏ခံစားချက်အလုံးစုံကို သူ့အားဖော်ထုတ်ပြောကြားလာခဲ့သည်။ သို့သော် သူကိုယ်တိုင်သည်တော့ သူ၏နှလုံးသားအားလျစ်လျှူရှုထားဆဲ။

" ရှိုင်း "

အတွေးတို့နဲ့ခရီးဆက်နေတုန်း သူ့အားလှမ်းခေါ်လိုက်သောအသံကြောင့် လှမ်းလက်ဆခြေလှမ်းများအားရပ်တန့်ကာ အသံလာရာသို့တစ်ချက်‌ကြည့်လိုက်သည်။ သူရောက်နေသောနေရာသည် သူတို့အဖွဲ့စုံနေကြကန်တင်းရှိ "ကောင်းကောင်းလေး" ထမင်းဆိုင်၏ရှေ့တွင်ဖြစ်လေသည်။  ခြေလှမ်းတို့ကိုခပ်နှေးနှေးလှမ်းကာ ဦးခေါင်းကိုပါမဖော်ပဲငိုက်စိုက်ချထားသည့်အနေအထားနှင့်လျှောက်လာခဲ့သည်မို့ ချမ်းမင်း၏အော်သံကြားမှသာပတ်ဝန်းကျင်ကိုမော့ကြည့်မိပြီး ထမင်းဆိုင်လေးရှေ့ရောက်နေမှန်းသတိထားမိခဲ့သည်။ သူ့အားလက်ဝေ့ရမ်းပြကာ ခေါ်နေသူ ချမ်းမင်းတို့ဝိုင်းဆီသို့သွားရန်ခြေလှမ်းတို့ကိုယခင်ဦးတည်နေသောနေရာမှပြန်ရုတ်လိုက်ရသည်။ ပြီးနောက်သူငယ်ချင်းများရှိရာနေရာဆီသို့ဦးတည်လျှောက်လာခဲ့လိုက်သည်။

" ဟေ့ရောင် ဘာတွေဒီလောက်တောင်အာရုံလွတ်နေတာလဲ....ဟမ် ။ လမ်း‌လျှောက်နေတာလည်း
ကုပ်ကုပ်ကုပ်ကုပ်နဲ့။ ဆိုင်ကယ်တွေဘာတွေလည်းဖြတ်တိုက်သွားပါအုံးမယ် "

ချမ်းမင်း၏စကားအပြီး သူရသည်တော့အပြုံးရိပ်ခပ်ပါးပါးဖြင့် သောက်လက်ဆကော်ဖီခွက်အားစားပွဲပေါ်သို့ပြန်ချလိုက်လေသည်။

ချမ်းမင်းသည်တော့ သူငယ်ချင်းဖြစ်သူအားအရိပ်အကဲခတ်နေသည့်မျက်လုံးများဖြင့်အပြူးသားစိုက်ကြည့်ရင်း သူ၏ခပ်ဖူးဖူးနှုတ်ခမ်းများမှစကားလုံးများသည်လည်း စက်သေနတ်ပြစ်နေသည်အလားတရစပ်မနားတမ်းထွက်ပေါ်နေဆဲ။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now