Unicode
ကြီးမားတဲ့ခြံဝန်းနဲ့နှစ်ထပ်တိုက်ကြီးတစ်လုံးရဲ့ ထမင်းစားခန်းထဲမှာတော့ တိတ်ဆိတ်စွာထိုင်နေကြသူလေးယောက်။ လေထုမှာလည်း အေးစက်လို့။ ထိုအနေအထားကိုဖြိုခွင်းရန် ဒေါ်ခင်နှင်းဆီ တစ်ယောက် ဟင်းပန်းကန်တစ်လုံးထဲမှကြက်သားတစ်တုံးကို ကော်ခပ်လိုက်ပြီး မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ရှိသော ခင်ပွန်းဖြစ်သူရဲ့မိခင်ဒေါ်မြရည်မိုး အားထည့်ပေးလိုက်သည်။ ပြီးနောက် ခင်ပွန်းဖြစ်သူ ဦးကျော်ဇော။
ပြီးနောက် ယောက္ခမဖြစ်သူ၏ဘေးခုံတွင်ထိုင်နေသော ဦးကျော်ဇော ၏တစ်ဦးထဲသောသားဖြစ်သူ ရှင်မင်းမြတ် ရဲ့ ထမင်းပန်းကန်ထဲဟင်းထည့်ပေးမည်အပြု ထမင်းပန်းကန်ကိုလက်ဖြင့်ကာလိုက်တာကြောင့် သူမရဲ့လက်တို့ တုံ့ဆိုင်းသွားရသည်။" သား ဒီနေ့လာမယ်ပြောလို့ မေမေသားအကြိုက်လေးတွေချက်ထားတာ စားကြည့်ပါအုံး။ "
" မစားချင်ဘူး "
"စားကြည့်ပါအုံးသားရယ်မေမေကိုယ်တိုင်ချက်ထားတာ "
" မစားဘူးလို့ပြောနေတယ်လေဗျာ "
ဒေါသသံခပ်ပြင်းပြင်းနဲ့အတူ ပြန်အော်လိုက်တာကြောင့် ဒေါ်ခင်နှင်းဆီ ရဲ့ရင်ထဲသိမ့်ခနဲဖြစ်သွားတော့သည်။ ဒီနေ့ သားလာမယ်ဆိုလို့ သားအကြိုက်ဟင်းတွေကို အိမ်က စားဖိုမှူးတွေကိုတောင်မချက်ခိုင်းဘဲ ကိုယ်တိုင်စီပြီးချက်ပြုတ်ထားခဲ့သည်။ဖခင်ဖြစ်သူနဲ့ မျက်နှာကြောမတည့်လို့ အိမ်တောင်မနေတော့တဲ့ သားက ဒီနေ့တကူးတကပြန်လာတာလေ။ သူမအတွက် ထိုကလေးလေးက ဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ရပေမဲ့ တကယ့်သားအရင်းလေးတစ်ယောက်လိုချစ်ခဲ့ရတာ။ သားငယ်ငယ်လေးကထဲက မိခင်အရင်းဖြစ်သူဆုံးပါးသွားခဲ့တာကြောင့် သူမကပဲမိခင်မေတ္တာတွေပုံပေးချင်ခဲ့မိတယ်။ ဒါပေမဲ့သားလေးကတော့ ငယ်ငယ်ကထဲကသူ့ရဲ့ ဖေဖေနဲ့မေမေကိုကွဲအောင်လုပ်ခဲ့တဲ့သူဆိုပြီးမုန်းတီးနေခဲ့တာ အရွယ်ရောက်လာလေပိုဆိုးလေပဲ။သားလေးရဲ့အထင်မှားမှုတွေနဲ့ အမုန်းတွေကို သူမမည်သည့်နည်းဖြင့်ပြေလျော့အောင်ဖြေလျော့ပေးရမည်နည်း။ထမင်းစားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ ဦးကျော်ဇောမှ သားဖြစ်သူကိုကြည့်ရင်းမျက်နှာခပ်တင်းတင်းဖြင့်
YOU ARE READING
ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]
Teen Fictionချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇုန်ထဲမည်သို့ခိုဝင်နိုင်ပါအံ့နည်း။သို့သော်တစ်စုံတစ်ယောက်ရောက်ရှိလာသောအခါ........ ခစြျခွငျးရဲ့ကြော့ကှငျးအောကျမှာ ဒဏျရာဒဏျခကြျတှအေပွည့ျရှိခဲ့တ...