အပိုင်း ၃၁ [Unicode +Zawgyi]

882 18 0
                                    

Unicode

ရှင်မင်းမြတ်  ခေါင်းစိုစိုကိုတပတ်အဖြူတစ်ထည်နှင့်သုတ်ကာ ရေချိုးခန်းထဲကထွက်လာပြီး အိပ်ခန်းထဲအရောက် မက်ဆေ့ဝင်သံကြားလိုက်ရ၍ဖုန်းကောက်ကိုင်ကာကြည့်လိုက်တော့

" အိမ်ရှေ့ရောက်နေပြီတံခါးလာဖွင့်ပေးလှည့် "

" Omm "

သူဖုန်းစခရင်ကိုပိတ်လိုက်ပြီး

" ကြားသားမိုးကြိုး "
တီရှပ်အဖြူနှင့်ဘောင်းဘီဒူးတိုတစ်ထည်ကောက်ဝတ်လိုက်ပြီး သူအိမ်ရှေ့ဝန်းတံခါးဆီလျှောက်လာခဲ့လိုက်သည်။
    *************

ရှင်မင်းမြတ်အကြိုက်မှန်းသိလို့ ဒီနေ့မေမေ့မွေးနေ့မှာမုန့်ဟင်းခါးချက်ဖို့အကြံရခဲ့လေသည်။ မနက်ခင်းထဲက စားစေချင်လွန်းလို့ အစောကြီးထပြီးချက်ထားတဲ့ မုန့်ဟင်းခါး။ ချက်ပြုတ်ပြင်ဆင်ပြီးတော့လည်း မေမေ၊ အန်တီဝင်း နဲ့ညီမလေး တို့ကိုသာ ဘုန်းကြီးကျောင်းဆီဆွမ်းကပ်အရင်လွှတ်ခဲ့လိုက်ပြီး သူကတော့ရှင်မင်းမြတ်ဆီဝင်ပြီးမှ လာခဲ့မည်ဟုပြောထားခဲ့သည်။ တံခါးဆီခပ်သုတ်သုတ်လျှောက်လာနေတဲ့ရှင်မင်းမြတ်ကိုတွေ့တော့ သူလက်ဝှေ့ရမ်းပြလိုက်‌လေသည်။

" ဘာလဲ ကြားသားမိုးကြိုး "

သူလည်း မုန့်ဟင်းခါးထည့်လာတဲ့သုံးဆင့်ချိုင့်ကိုမြှောက်ပြလိုက်ပြီး

" မေမေ့မွေးနေ့မို့ မုန်ဟင်းခါးလာပို့တာ "

" အန်တီ့မွေးနေ့လား "

" အင်း "

" ကြိုမပြောဘူး ငါလည်းလာလုပ်ကူမှာပေါ့ "

" မင်းကလား...."

" အေးလေ "

" တော်ပါ....ငါက မင်းအိမ်အပြင်မထွက်တော့ အသဲကွဲပြီးသေနေတယ်တောင်ထင်တာ "

" ပေါက်တက်ကရ "

" ဒီလိုလုပ်ပါ့လား စိတ်ပြေလက်ပြောက် ဘုရားလိုက်ခဲ့လေ "

" ဘုရားသွားမို့လား "

" အင်း "

" ခဏစောင့် အဝတ်အစားသွားလဲလိုက်အုံးမယ် "

တခဏ‌ကြာတော့ သူတို့နှစ်ယောက် ဘုရားကိုထွက်လာခဲ့ကြသည်။ မနက်ပိုင်းမှာမုန့်ဟင်းခါးဆွမ်းကပ်ပြီး ဘုရားတန်ဆောင်းထဲတံပြက်စည်းလှည်းကာကုသိုလ်ယူခဲ့ကြသည်။ ပြီးနောက် ခေတ္တအနားယူခဲ့ကြသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now