အပိုင်း ၁၀[Unicode+Zawgyi]

1.2K 45 0
                                    

Unicode

ညကောင်းကင်တွင် ထိန်ထိန်ညီးအောင်သာနေ‌သော လမင်းကြီးရဲ့အလင်းရောင်သည် ရှင်မင်းမြတ် ၏အခန်းနယ်နိမိတ်ကိုရောက်ရှိရန် မှန်တံခါးချပ်များအား ဖြတ်သန်းဝင်ရောက်လာခဲ့သည်။ အိပ်ရာပေါ်တွင်တော့ ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့် နှင့် အိပ်မရဖြစ်နေသောတစ်စုံတစ်ယောက်။

နေ့လည်က‌တွေ့ခဲ့ရသော ထိန့်လန့်စိုးရွံ့မှုများပြည့်ညက်နေသော်ငြား အပြစ်ကင်းစင်နေသည့်ဟန် မျက်လုံးလေးများကို အတွေးအာရုံထဲမှ ထုတ်ပစ်ရန်ခက်ခဲနေလေသည်။
ရေမိုးချိုးကာအိပ်ရာထဲဝင်ခဲ့ပါသော်ငြားလည်း သူ၏ကိုယ်၌စွဲကပ်‌ကာပါလာခဲ့သော ထိုသူ၏ ကိုယ်သင်းနံ့လေးသည်တော့ ရနံ့မပြယ်သေးသယောင်။

အတွေးအာရုံထဲသို့ ထိုသူ၏မျက်နှာအစိတ်အပိုင်းလေးများ ကွင်းကွင်းကွက်ကွက် ပေါ်လာနေလေတော့ ရှင်မင်းမြတ် အတွေးစတို့ကိုဖြတ်ပစ်ရန်အသဲအသန်ကြိုးစားအိပ်နေရလေသည်။
ထိုင်းနိုင်ငံ၌နေစဉ်ကာလမှာတောင် တွဲခဲ့ဖူးသည့် မိန်းကလေးများအား ယခုကဲ့သို့အတွေးထဲအသေးစိတ်ပေါ်မလာခဲ့ဖူးချေ။

ယခုတော့ အမျိုးတူယောကျာ်းတစ်ယောက်အား ခေါင်းထဲမှထုတ်မရ။

နှလုံးသားသည်လည်းစည်းချက်မမှန်တော့ပဲရှိနေသည်။

အိပ်မပျော်သည့်အဆုံး ကုတင်ဘေးရှိ အနက်ရောင်ကျောက်သားစားပွဲခုံအသေးပေါ်၌တင်ထားသော ဖောက်လက်စ စီးကရက်ဘူးခွံထဲမှ စီးကရက်တစ်လိပ်ယူသောက်လိုက်သည်။
စီးကရက်ဖွာနေရင်း မှ မျက်စိရှေ့တွင်မြင်လိုက်ရသောတစ်စုံတစ်ခုကြောင့် သူပြုံးလိုက်မိသည်။ ထိုအရာသည် အဖြူရောင် ကော်ဘူးအသေးလေးထဲတွင်ထည့်ထားသော ရောင်စုံချိုချဉ်လုံးလေး ငါးလုံး။ သူထိုအရာကိုသိမ်းထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့လေပြီ။ ထိုချိုချဉ်လုံးလေးများကိုမြင်လိုက်ရသည့်အချိန်တိုင်း ဝမ်းနည်းစိတ် နှင့် အားငယ်စိတ်တို့ပျောက်ပြယ်သွားရစမြဲ။ သူ့အတွက် ထိုသေးငယ်သောအရာလေးများက လွန်စွာမှ အဖိုးတန်လွန်းလှပေသည်။

စီးကရက်တစ်ဝက်လောက်ကုန်တော့
ဆက်မသောက်တော့ဘဲ အိပ်ရာပေါ်ပြန်လှဲနေလိုက်သည်။ ယနေ့ညသည် ရှင်မင်းမြတ်အဖို့ အလွန်ပင်ညတာရှည်လွန်းသောညတစ်ညပင်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now