အပိုင်း ၂၀ [ Unicode+Zawgyi]

970 37 2
                                    

Unicode

မနက်ပိုင်း သူတို့မိသားစုထမင်းဝိုင်းက လူစုံတာရှားလေသည်။ မေမေကလည်း ဆိုင်နဲ့လုံးပန်းနေရလို့ သူမအားရင်အားသလိုအလျင်းသင့်စားလိုက်ရသည်။သူနဲ့ညီမလေးကတော့ မနက်ပိုင်းဆို လက်ဖက်ရည်နဲ့ အီကြာကွေးပူပူလေးကို လမ်းထိပ်က ဦးလုံးဆိုင်ကနေအမြဲသွားဝယ်စားဖြစ်သည်။နေလေးနည်းနည်းမြင့်ပြီး အစာအိမ်ထဲမှာလက်ဖက်ရည်ဓာတ်လေးကုန်ခန်းလာချိန်လောက်တွင်မှ ထမင်းစားဖြစ်သည်။ ယနေ့လည်းမနက်ပိုင်းဆိုင်ခင်းဖို့ကူညီပေးပြီး ဆိုင်လူသိပ်မများသေးခင် လမ်းထိပ်ကိုသွားရန်ပြင်ရသည်။သူဆိုင်မှထွက်ထွက်ချင်း အနောက်မှပြေးလိုက်လာပြီး သူ့ပုခုံးပေါ်လက်တင်လိုက်သူကြောင့်ခြေလှမ်းတို့တုံ့သွားကာ ဘေးဘက်ကိုကြည့်လိုက်တော့ ရှင်မင်းမြတ်သူ့ကိုမနက်ခင်းရဲ့လန်းဆန်းတတ်ကြွမှုအပြည့်နဲ့ပြုံးပြနေလေသည်။

" ဘယ်သွားမို့လဲ"လျော့တိလျော့ရဲသံနဲ့မေးလိုက်တော့ ထိုသူကသူ့ရဲ့ပုခုံးကိုနှစ်ချက်ဆင့်ပုတ်လိုက်ပြီး

" မင်းသွားတဲ့နောက် "

" ဘာလိုက်လုပ်မို့လဲ "

" မသိပါဘူး...ငါ့ခြေထောက်တွေကို ငါထိန်းလို့မရ‌တော့တာ။ မင်းအနားပဲကပ်နေချင်နေလို့ "

ရှင်မင်းမြတ်ချိုသာမှုအပြည့်နဲ့စကားပြောနေပြီး ဘေးဘက်ကိုစောင်းကြည့်လိုက်တော့ ဒိုင်းခနဲပျံလာတဲ့ မျက်‌ဇောင်းပျံ ခပ်စူးစူးတစ်ချက်။သမင်မျက်လုံးလေးနဲ့ကောင်လေးဆီမှ ကွန့်ထွက်လာတဲ့ မဒူဆာရဲ့အကြည့်များကြောင့် ဆက်ပြောရတော့မလိုလို၊ မသိချင်ယောင်ဆောင်ပြီးပြေးထွက်ရတော့မလိုလို ဘာလုပ်ရမည်မသိတော့။အချစ်နဲ့တွေ့ရင်လူတိုင်း ယောင်ယှက်ခတ်တတ်ကြသည်မဟုတ်ပါလား။ချစ်တယ်လို့ပေါ်တင်လည်း‌မပြော‌နိုင်သေးတာမို့ ကြူးရုံသာကြူးနေရတော့သည်။

" အို့။ ...လမ်းထိပ်မလား။ မင်းမေမေကိုမေးလာတယ်။ ငါအရင်သွားနှင့်လိုက်မယ်နော် "
ရှင်မင်းမြတ်လည်း ကြူးသာကြူးနေရသည် ခေါင်းကတော့ခပ်ကြိမ်းကြိမ်း။

ဦးလုံးရဲ့လက်ဖက်ရည်ဆိုင်လေးကိုရောက်တော့ လူရှင်းနေသေးသည်။
ဝယ်နေကြဖောက်သည်‌ဖြစ်တာကြောင့်လည်း သူဆိုင်အနီးကိုရောက်လာလာချင်း ဦးလုံးကစကားဦးကြိုပြုလိုက်သည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now