Unicode
" ပုလဲ....? "
သူ့ပါးစပ်ကနေအမှတ်မထင်ထွက်လာတဲ့နာမည်ကိုကြားပြီး ဘေးနားကကောင်လေးကတော့ လျှောက်လှမ်းလာနေသောထိုမိန်းကလေးကိုတစ်လှည့်သူ့ကိုတစ်လှည့်ကြည့်နေရှာလေသည်။
သူတို့နားရောက်တော့ထိုမိန်းကလေးက ပါးအို့နီမရဲတရဲလေးဖြည့်ထားတဲ့သူမရဲ့ပါးလေးတွေပြည့်ဖောင်းသွားတဲ့အထိရယ်ပြလိုက်ပြီး" ကိုကို...ပုလဲလေ "
" အင်း ပုလဲ မတွေ့တာတောင်ကြာပြီ "
" ဟုတ်တယ်နော် မတွေ့ရတာတော်တော်ကိုကြာသွားပြီ။ ဒါပေမဲ့ကိုကိုကတော့ ဘယ်အချိန်ကြည့်ကြည့်ချောတုန်းပဲ "
" အင်း။ ပုလဲလည်းအတူတူပါပဲ " ပုလဲရှက်ပြုံးတစ်ချက်ပြုံးလိုက်လေသည်။
" ဟို...ကိုကို...ပုလဲကို ဖေဖေကကိုကိုနဲ့နေရာချထားပေးမယ်လို့ပြောတယ်။အဲ့တာပုလဲကိုကိုနဲ့သီးသန့်စကားပြောချင်တယ်။ရမလား "
(နေရာချထားပေးမယ်!!!!)ထိုစကားကိုကြားလိုက်ရတဲ့ဘေးနားကကောင်လေးရဲ့ရင်ထဲမှာတော့ ဝမ်းနည်းစိတ်တို့ကအတိုင်းအဆမရှိဝင်ရောက်လာခဲ့လေသည်။
ဦးနှောက်နဲ့နှလုံးသားဆီမှတစ်ညီတစ်ညွတ်ထဲထွက်လာတဲ့စကားက သူနားကြားလွဲတာဖြစ်ပါစေဆိုပြီးတော့ ။ယခုအချိန်သူ့နှလုံးသားဆီကလာတဲ့ခံစားချက်တို့မှာ လောဘတို့ ရောယှက်ကာပါလာခဲ့လေပြီ။ သူ ထိုလူသားကိုမည်သူ့အပိုင်မှမဖြစ်စေချင်။
မတွေ့ရတာသာကြာပြီဆိုသည် ကိုကို ကိုပါးစပ်ကမချတဲ့ထိုရဲတင်းတင်းနိုင်တဲ့မိန်းကလေးနဲ့ ဘာတွေများသီးသန့်ပြောကြမည်နည်း။ ဘာအကြောင်းကိစ္စတွေများရှိနေကြမည်နည်း။ သိချင်စိတ်တို့က လှိုင်းထန်လာလေသည်။
***************
ပုလဲရဲ့ဖိတ်ခေါ်မှုကိုအဖြေမပြန်နိုင်ခင် ဘေးနားကကောင်လေးကိုရှင်မင်းမြတ်တစ်ချက်လှည့်ကြည့်လိုက်တော့ သွားလေဆိုတဲ့သဘောနဲ့ခေါင်းတစ်ချက်ငြိမ့်ပြရှာလေသည်။" ငါ ညီမလေးဆီလိုက်သွားလိုက်အုံးမယ်။ မင်းတို့ပြောနှင့်ကြပါ "
စကားဆုံးသည်နှင့် နေရာမှလှည့်ထွက်သွားတဲ့ထိုကောင်လေးရဲ့မျက်ဝန်းအိမ်မှထွက်ပေါ်လာတဲ့စကားအချို့ကိုရှင်မင်းမြတ်ချက်ချင်းနားလည်လိုက်မိသည်။ ထိုမျက်ဝန်းပိုင်ရှင်ကောင်လေးကို သူထွက်မသွားစေချင်ခဲ့၊ အနားမှာဆွဲခေါ်ထားလိုက်ချင်သည်။ သို့သော် သူ့ကဲ့သို့မိခင်ကိုဆုံးရှုံးသွားရတဲ့ပုလဲကိုလည်း ငယ်စဉ်ကတည်းကသူ့ရဲ့ညီမလေးတစ်ယောက်လိုသဘောထားခဲ့သည်။မတွေ့တာကြာပြီဖြစ်ပြီး လူကြီးတွေကြောင့်ယခုလိုဗြုန်းစားကြီးဖြစ်ပေါ်လာတဲ့အနေအထားတစ်ခုမှာ သူမနှင့်အရင်ဆုံးညှိရန်လိုအပ်လိမ့်မည်။
သူမနှင့် ကိစ္စတွေပြတ်မှ သူထိုကောင်လေးကိုရှင်းပြတော့မည်ဟုဆုံးဖြတ်လိုက်ပြီး ပုလဲနှင့်အတူ အနီးအနားမှာရှိသော cafeလေးတစ်ခုထဲသို့ဝင်ထိုင်လိုက်လေသည်။
YOU ARE READING
ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]
Teen Fictionချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇုန်ထဲမည်သို့ခိုဝင်နိုင်ပါအံ့နည်း။သို့သော်တစ်စုံတစ်ယောက်ရောက်ရှိလာသောအခါ........ ခစြျခွငျးရဲ့ကြော့ကှငျးအောကျမှာ ဒဏျရာဒဏျခကြျတှအေပွည့ျရှိခဲ့တ...