အပိုင်း ၃၆ [Unicode +Zawgyi]

700 22 0
                                    

Unicode

ရင်တမမနဲ့ထိုင်မရထမရဖြစ်နေတုန်း ဖုန်းမြည်သံကြားလို့ကြည့်လိုက်တော့ ' မေသဲ ' ဆီမှ

" ဟယ်လို  "

" မေသဲပြော...."

"ရှိုင်းကို လူနှစ်ယောက်ကားပေါ်ဇွတ်တင်သွားတာ ငါ တွေ့လိုက်တယ်... "

" ဘာ....! ဘယ်သူတွေလဲ ဘယ်ခေါ်သွားတာလဲ "

" ဘယ်သူတွေလဲတော့သေချာမသိဘူး ငါတို့အဖွဲ့ဓာတ်ပုံရိုက်ဖို့နေရာရှာနေရင်းအမှတ်မထင်တွေ့လိုက်တာ ဒါပေမဲ့ငါတို့နောက်ကမသိမသာလိုက်သွားလိုက်တယ် ဂိုထောင်တစ်ခုပဲသူတို့ကားရပ်သွားတာ ငါခုပဲတည်နေရာပို့လိုက်မယ်...မြန်မြန်လိုက်လာခဲ့ကြ "

" အိုခေအိုခေ....မြန်မြန်ပို့လိုက် ခုဘဲလိုက်လာခဲ့မယ် "

" အေး "
>>>>>>>>>>

လေးလံလှတဲ့မျက်ခွံတွေကိုအတင်းဖွင့်လိုက်‌ပေမဲ့
မြင်ကွင်းကမှုန်ဝါးနေဆဲ....

လက်ကောက်ဝတ်ဆီမှ နာကျင်မှုကိုခံစားလိုက်ရပြီး မှိုင်းဝေနေတဲ့ခေါင်းကိုအတန်ငယ်ခါရမ်းပစ်လိုက်ရသည်။ ရှင်းလင်းလာတဲ့မြင်ကွင်းနဲ့အတူ မြင်လိုက်ရတဲ့ လူနှစ်ယောက် ...

မိမိကိုယ်ကိုယ်ပြန်ကြည့်မိတော့ ကုတင်တစ်ခုပေါ်မှာ။

လက်နဲ့ခြေထောက်ကို ကုတင်ရဲ့တန်းတစ်ခုစီမှာ ချည်နှောင်ခံထားရသည်။ ကြောက်ကြောက်လန့်လန့်နဲ့အတင်းရုန်းကန်မိတော့

" ဟော့...အခြောက်လေးနိုးလာပြီပဲ "
ခပ်ဩဩအသံနဲ့အတူ သံပြိုင်ရယ်သံများ။

" ခင်ဗျားတို့ဘယ်သူတွေလဲ ကျုပ်ကိုဘာလို့ဖမ်းထားတာလဲ လွှတ်စမ်း ခင်ဗျားတို့လွှတ်ပေးစမ်း "

အသံကုန်အော်ဟစ်လိုက်ရင်း ရုန်းကန်နေမိတော့ ထိုလူစိမ်း သူ့ဘေးနားရောက်လာခဲ့ပြီး ပါးနှစ်ဖက်ကိုသူ့ရဲ့လက်ဝါးခပ်ကြီးကြီးနဲ့အတင်းဖိညှစ်လိုက်ပြီး

" ဟေ့ကောင်လေး အသားမနာချင်ရင်တိတ်တိတ်နေလိုက်စမ်း .... ဘာတွေခုမှလာဖြစ်ပြနေတာလဲ ငါတို့ကြားထားတာ မင်းကအခြောက်တဲ့ မင်းကိုမှတ်လောက်သားလောက်အောင်ပညာပေးခိုင်းထားတာ..
ငါတို့အလုပ်ငါတို့လုပ်ရမှာပေါ့ကွ "

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now