အပိုင်း ၁၇ [ Unicode+Zawgyi]

919 30 0
                                    

Unicode

မနက်ခင်းရဲ့လင်းအာရုံက တစ တစဖြာကျလို့လာခဲ့ပြီး ရှင်မင်းမြတ်လည်း အိပ်ရာမှနိုးထလာခဲ့သည်။ ရင်ခွင်ထဲမှာ ထွေးပွေ့ထားတဲ့ကောင်ကလေးကတော့ သူ့အား ကျောပေးထားကာ ခုချိန်ထိအိပ်ရာကမနိုးသေးပေ။ သူ့ရှေ့ကခန္ဓာကိုယ်လေးကိုကြည့်ရင်းလက်မောင်းအောက်က ခါးလေးကိုလည်း ကျစ်ကျစ်ပါ‌အောင်ဖက်ထားလိုက်မိသည်။ဆံနွယ်‌ပျော့ပျော့လေးတွေ‌ဆီမှလည်းခေါင်းလျှော်ရည်နံ့သင်းသင်းလေးရနေ‌
လေသည်။ ထိုဆံနွယ်ပျော့ပျော့လေးတွေနဲ့ ခေါင်းလုံးလုံးလေးကို သူ့ရဲ့နှုတ်ခမ်းနဲ့မသိမသာထိကပ်လိုက်ပြီး ရှင်မင်းမြတ်ကတော့ အကျေနပ်ကြီးကျေနပ်နေလေရဲ့။

" ငါ့အပိုင်လေးဖြစ်ပေးပါ့လား မောင် "

°°°°°°°°
ညတိုင်းအိပ်ရာအစောဝင်တက်တဲ့ ရှိုင်းမြတ် မနေ့ညက ရှင်မင်းမြတ်နဲ့စကားပြောတာညဉ့်နက်သွားသည်မို့ အိပ်ရာကအ‌စောမနိုးလိုက်ပေ။ မပွင့်တပွင့်ဖြစ်နေတဲ့မျက်လုံးနဲ့ ကုတင်ဘေးကခုံ‌ပုလေးပေါ်မှာတင်ထားတဲ့နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၇နာရီထိုးနေလေပြီ။ ဆိုင်မှာတော့ လူအင်အားများလာသည်မို့ ကိစ္စတော့မရှိပါ။ ရုတ်တရက် ခါးပေါ်မှတင်းကျပ်မှုတစ်ခုကိုခံစားလိုက်ရပြီး သူ့ရဲ့ခေါင်းနောက်ခြမ်းကိုလာထိလိုက်တဲ့ အရာတစ်ခု။ ပြီးတော့ စကားသံတစ်သံ

" ငါ့အပိုင်လေးဖြစ်ပေးပါ့လား မောင် "

မောင်တဲ့လား။ ကြားလိုက်ရတဲ့အသံလေးက နူးညံ့လွန်းလှတာကြောင့် သူ့ရဲ့ရင်အစုံမှာ လှိုက်ဖိုသွားမိသည်။ ကြည်နူးမှုနဲ့အတူ တဒုန်းဒုန်းခုန်နေမိတဲ့ နှလုံးသားကိုလည်း အပြစ်တင်မိပါရဲ့။
အသိစိတ်က နှလုံးသားကိုချုပ်တည်းနေသလောက် မသိစိတ်က‌တော့ထိုလူသားလေးဆီကို တိမ်းညွှတ်နေမိလေပြီ။ဟင့်အင်းရှိုင်း မင်းအဲ့လိုဖြစ်လို့မရဘူး။အချစ်ဆိုတာ ဟန်ဆောင်မှုတစ်ခုပဲ။ လူတွေကိုနာကျင်စေမဲ့အရာ။ အတွေးတွေနဲ့အတူ မျက်စိကိုဆက်ကနဲမှိတ်ချလိုက်မိသည်။ပြီးနောက်ယခုအနေအထားမှရုန်းထွက်ရန်စဉ်းစားနေလိုက်မိသည်။ နှလုံးသားကိုအရင်းတည်ပြီးဖြစ်တည်လာတဲ့ခံစားချက်လေးတွေကတော့ ဒီအနေအထားလေးက ရုန်းမထွက်ချင်ပေ။ အပျင်းထုတ်လိုက်သည့်ဟန်ဖြင့် လက်ကိုခေါင်းရင်းသို့ဆန့်တန်းလိုက်ပြီးနောက် ဆက်ကနဲပြန်ရုတ်ချလိုက်ချိန်တွင် အနောက်သို့မတော်တဆပုံစံမျိုးဖြင့် တွန်းထုတ်လိုက်လေသည်။ ထင်မှတ်မထားသော ဖြစ်ရပ်ကြောင့် ရှင်မင်းမြတ်လည်း ဗိုက်ကိုလက်ဖြင့်ဖိထားလိုက်ပြီး အာ့ ဟုအသံပြုလိုက်လေသည်။ ထိုအခါ

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now