အပိုင်း ၁၃[ Unicode+Zawgyi]

1K 44 3
                                    

Unicode

သူ့မျက်နှာနားကိုတဖြေးဖြေးချင်းတိုးကပ်လာနေတဲ့ ရှင်မင်းမြတ်ရဲ့အသံရှုသံခပ်ပြင်းပြင်းကိုရှိုင်းမြတ် မျက်လုံးမှိတ်ထားသော်လည်းခံစားမိနေသည်။ ထို့နောက် သူ့မျက်နှာနဲ့အနီးဆုံးသို့ရောက်လာတဲ့ ရှင်မင်းမြတ်ရဲ့ မျက်နှာကို လက်ဖြင့်တွန်းထုတ်လိုက်ပြီး

" ချီးးးးလိုပဲ။ မင်းမျက်နှာကြီးဘာလို့ငါ့နားတိုးလာတာလဲ "

ရှင်မင်းမြတ်ခပ်ချဉ်ချဉ်ပြုံးလိုက်ပြီး
" ပါးပေါ်မှာ ခြင်နားနေလို့။ သွေးလွန်တုတ်ကွေးတွေဖြစ်နေတယ်ကြားတယ် အဲ့တာကြောင့်ခြောက်လွှတ်မို့ "

"ခြင်မကလို့ ဆင်လာနားနား...မင်းခြောက်စရာမလိုဘူး။ မင်းမျက်နှာကြီးသာ ငါနဲ့ဝေးဝေးထား...ကပ်ကပ်မလာနဲ့"

" အိပ်ပျော်နေတဲ့သူက ငါ့မျက်နှာမင်းနားကပ်လာတာဘယ်လိုလုပ်သိလဲ "

" ဒီမှာ မျက်လုံးမှိတ်ထားလည်း ဆဌမအာရုံလားဘာလဲ...အဲ့လိုမျိုးရှိတယ်ကွ "

ရှိုင်းမြတ် နှဖူးအလယ်ကိုထောက်ပြီးပြောလိုက်‌တော့ ရှင်မင်းမြတ် အားပါပါရယ်လိုက်မိသည်။ ပြောနေပုံ နဲ့ လုပ်နေပုံက သူ့မျက်လုံးထဲမှာတော့၃နှစ်ကလေးတစ်‌ယောက်လို...

" အော်...အကြားအမြင်ရနေတာပေါ့ "
ရှင်မင်းမြတ် ခနဲ့တဲ့တဲ့မေးလိုက်တော့ ရှိုင်းမြတ် မျက်မှောင်ကြုံ့လိုက်ပြီး

" မင်း ငါ့အပေါ်အငြိုးတွေဘာတွေများရှိနေတာလားဟမ်...ဘာတွေကြံစည်နေတာလဲ..."

ရှိုင်းမြတ်စကားပြောနေတာကိုနားထောင်နေရင်း ကုတင်ဘေးကခုံကိုအကြည့်ရောက်သွားတော့

" ဟာ...!!! ငါ့ချိုချဉ်လုံးတွေ...ဟမ် ဘယ် သူတောင်းစား,စားသွားတာလဲကွ "
ရှင်မင်းမြတ် အခွံပဲကျန်တဲ့ချိုချဉ်ဘူးလေးကိုကိုင်ရင်းပြောလိုက်တော့

" ဟျောင့် ဟျောင့် နေအုံးနေအုံးသူတောင်းစားဆိုတာကြီးကတော့နည်းနည်းများသွားပြီ ။ ဒီမှာတခြားဘယ်သူရှိလို့တုန်း...မင်းသိရက်နဲ့တမင်သက်သက်ဆဲလိုက်တာလားကွ "

" အော် အဲ့တာဆို သူခိုးကမင်းပေါ့ "

" သူခိုး.... ငါ့ဘဝမှာကြားခဲ့ဖူးတဲ့စွပ်စွဲချက်တွေထဲ အဆိုးဆုံးတွေပဲ။သူတောင်းစား...သူခိုး !!!! "

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now