အပိုင်း ၁၄[ Unicode+Zawgyi]

1K 37 2
                                    

Unicode

ရုတ်တရက် အသိစိတ်ပြန်ကပ်လာတဲ့
ရှိုင်းမြတ် ဒေါသစိတ်တထောင်းထောင်းထကာ ရှင်မင်းမြတ်ရဲ့အင်္ကျီကော်လံစကိုလှမ်းဆွဲလိုက်ပြီး

" မင်းဘာလုပ်တာလဲကွ...."

" ဟျောင့် စိတ်လျော့ စိတ်လျော့... သူကဒီလိုပဲ နောက်တတ်လို့ပါကွ "

ရှင်မင်းမြတ်ရဲ့ ကော်လံစကိုဆွဲကိုင်လိုက်တဲ့ရှိုင်းမြတ်ရဲ့ လက်ကို ဆွဲဖြုတ်ရန်ကြိုးစားရင်း သူရခေါင် ဝင်ပါလိုက်ရသည်။

" တခြားသူဘယ်သူ့ကိုနောက်နောက်ကွာ ငါ့ကိုတော့ခုလိုလာမလုပ်နဲ့ ။ ငါမကြိုက်ဘူးကွ..."

ပြီးနောက် ရှင်မင်းမြတ်ရဲ့မျက်နှာကိုတည့်တည့်စိုက်ကြည့်ပြီး

" မင်းငါ့ကိုနောက်ထပ်လာမရှုပ်ရင်ကောင်းမယ်..."

စိမ့်စမ်းရေလိုကြည်လင်နေတဲ့ ထိုကောင်လေးရဲ့မျက်ဝန်းအိမ်မှာ နီရဲနေလေသည်။
ရှင်မင်းမြတ်သည်တော့ စိတ်ထဲမှာပေါ်လာသည့်အတိုင်း လုပ်ချင်တိုင်းလုပ်တတ်သည့် တစ်ဇွတ်ထိုးစိတ်ဓာတ်ကိုပြင်ရပေတော့မည်။

ထို့နောက်တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ကော်လံစကိုလွှတ်ချလိုက်ပြီး တောက် တစ်ချက်ခေါက်ကာ အခန်းထဲမှထွက်ခွာသွားသူ၏ ကျောပြင်ကို လှမ်းကြည့်ရင်း ရှင်မင်းမြတ် ကိုယ့်ကိုယ်ကိုသာအပြစ်တင်နေမိတော့သည်။

အပေါ်ထပ်မှ ဆူညံသံများကြားလိုက်သောကြောင့် လှေကားအတိုင်းတက်လာနေသော ချမ်းမင်းကိုပါ ရှိုင်းမြတ်စကားမပြော၊ဉပေက္ခာပြုသွားလေသည်။

သူရတို့ဆီသွား၍ အကျိုးအကြောင်းအစုံမေးကြည့်မှသာ ရှိုင်းမြတ်၏မျက်နှာ ဘာလို့အဲ့လောက်တင်းသွားတာလဲဆိုသောအဖြေကို သူ , ရလိုက်သည်။

" မင်းကတော့လေ စနက်တံကိုမှသွားဖြုတ်မိတာပဲ "

"  သိပါတယ်ကွာ။ ငါ့လုပ်ရပ်ကလွန်သွားမှန်း..."

" အေး။ သိရင်လည်းပြီးတာပဲ။ ဒီကိစ္စမှာ ရှိုင်း မမှားဘူး....မင်းလုပ်ရပ်ကိုတော်တော်လည်းတင်းသွားမှာ..."
ရှိုင်းမြတ်ရဲ့ best friendပီပီ ချမ်းမင်း မားမားမတ်မတ်ရပ်တည်ပေး‌နေလေ
သည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now