အပိုင်း ၂၃ [ Unicode+Zawgyi]

801 29 0
                                    

Unicode

ပုလဲထွက်ခွာသွားပြီးမကြာမီ သူဆိုင်ထဲကထွက်ခွာလာခဲ့သည်။ ပုလဲရဲ့ပုံစံက ငယ်ငယ်ကသူမှတ်မိတဲ့ ကျစ်ဆံမြီးလေးနှစ်ဖက်ခွဲကျစ်ထားပြီး ချစ်စရာကောင်းစွာပြုံးနေတတ်တဲ့မိန်းကလေးငယ်လေးနဲ့မတူတော့သယောင်သူခံစားနေမိသည်။ ဆိုင်ထဲကထွက်လာပြီး လမ်းဖြောင့်လေးအတိုင်း မိနစ်အနည်းငယ်မျှလျှောက်လာခဲ့လိုက်သည်။ပြီးနောက်မလှမ်းမကမ်းတွင်တွေ့လိုက်ရသော mini mark လေးတစ်ခု။အထဲကိုလျှောက်သွားလိုက်တော့ ဆိုင်အဝင်ရှိ ခုံလေးတစ်လုံးပေါ်တွင်အာလူးချောင်းကြော်ထုပ်ကိုဖောက်ကာစားနေသော ဝတ်ရည်ကိုတွေ့လိုက်ပြီး အနားကပ်သွားလိုက်တော့

" ဟာ ကိုကို လာပြီလား "

" အင်း "
အင်းဟုသောအသံတစ်ချက်ပြုပြီး ဘေးပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကာ ချစ်ရသူကိုရှာဖွေနေလိုက်မိသည်။သို့သော်ထိုကောင်လေးရဲ့အရိပ်အယောင်မျှမတွေ့ရ။ သူ ကျီးကန်း တောင်မြောက်လိုက်ကြည့်နေတာကိုသတိထားမိသွားတဲ့ ဝတ်ရည်က

" ကိုကို့ ကိုရှာနေတာလား "

" အင်း။ ညမလေးကိုကိုကော ? "

" ကိုကို နေလို့သိပ်မကောင်းလို့တဲ့ အရင်ပြန်သွားတယ် "

" ဟုတ်လား "

" ဟုတ်။ ညမလေးကိုတောင်ပြန်ဖို့ခေါ်နေတာ။ ညမလေးက ကိုကို....အမ်.... ကိုကိုတွေခေါ်ရတာရှုပ်လိုက်တာ...ကိုကိုရှင်မင်းမြတ်လာအုံးမှာကိုသိလို့ ကိုကိုရှိုင်းကို ပြန်နှင့် နောက်မှလိုက်လာခဲ့မယ်လို့ပြောလိုက်တာ "

" အော်....ရေခဲမုန့်ဝယ်ပြီးပြီလား "

" ဟင့်အင်း...သွားဝယ်လိုက်အုံးမယ်။ ဒီနားလေးမှာစောင့်နေနော် "

" အင်းအင်း " ဝတ်ရည်မေ စားလက်စအာလူး‌ချောင်းကြော်ထုတ်ကို စားပွဲပေါ်မှာ ဒီအတိုင်းထားခဲ့လိုက်ပြီးကောင်တာဆီသို့လျှောက်သွားလေသည်။ သူတို့နှစ်ယောက်အိမ်ကိုပြန်ရောက်တော့ ထုံးစံအတိုင်းအန်တီလဲ့ကတော့ဆိုင်နဲ့အလုပ်များနေလေသည်။ဆိုင်ရှေ့မှာချစ်ရသူကိုလိုက်ရှာကြည့်တော့မတွေ့ရ၍မီးဖိုဘက်သို့သွားကြည့်လိုက်သည်။သို့သော် သူ့နှလုံးသားလေးကိုတော့ရှာလို့မတွေ့ပေ။ဝတ်ရည်ကဆိုင်မှာနေခဲ့မည်ဟုပြောသောကြောင့် သူတစ်ယောက်ထဲပင် အိမ်ဘက်သို့ထွက်လာခဲ့လိုက်သည်။
အခန်းတစ်ခါကိုအသာအယာတွန်းဖွင့်လိုက်ပြီး ခြေလှမ်းခပ်ဖွဖွနဲ့အခန်းထဲကိုလှမ်းလာလိုက်တော့ တွေ့ရပါပြီ။ အိပ်ရာပေါ်မှာခွေခွေလေးအိပ်နေတဲ့ သူ့နှလုံးသားလေး။ နောက်ကျောဘက်ကမြင်နေရသော်ငြား ချစ်စဖွယ်အပြည့်နှင့်မို့ သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ အပြုံးပန်းလေးတစ်ပွင့်က သူ့မျက်နှာမှာဆင်ယင်ပြီးသားဖြစ်နေလေသည်။ သူ ရပ်နေသောနေရာမှ ခြေလှမ်းခပ်ဖွဖွလေးဖြင့်ဆက်လက်လှမ်းလာကာ အိပ်ပျော်နေသောထိုကောင်လေးရှိရာကုတင်နားသို့လျှောက်သွားလိုက်ပြီး လွတ်နေ‌‌သောကုတင်စောင်းမှာဝင်ထိုင်လိုက်လေသည်။ ပြီးနောက်အိပ်ပျော်နေတဲ့ထိုကောင်လေးရဲ့ နဖူးပေါ်၌ဝေ့ဝဲကျ‌နေသောဆံနွယ်လေးများကိုခပ်ဖွဖွသပ်တင်ပေးနေမိသည်။ ထိုအခိုက် ချစ်ရသူလေးသည်တော့
သူလက်အားခေါင်းတစ်ချက်လှုပ်ကာ ဖယ်ခါလိုက်ပြီး ခါးပေါ်တွင်တင်ကာခြုံထားသောစောင်ပါးကို ခေါင်းအထိအလုံဆွဲခြုံလိုက်လေသည်။ ရှင်မင်းမြတ် မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီးညင်သာသောအသံနေအသံထားဖြင့်

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now