အပိုင်း ၃၅ [Unicode +Zawgyi]

623 16 0
                                    

Unicode

ဒီနေ့လည်းကျောင်းပိတ်ရက်မို့ ရှိုင်း ချစ်ရသူရဲ့အိမ်ဆီမှာသောင်တင်နေခဲ့ရပြန်သည်။ လုပ်စရာအလုပ်တွေရှိပါသေးတယ်ဟုပြောကာ မလိုက်နိုင်ကြောင်းငြင်းခဲ့ပေမဲ့ ရှင်မင်းမြတ်သည်တော့ သူမလိုက်မချင်းတောက်တဲ့တစ်ကောင်အလားတွယ်ကပ်နေတော့သည်။

ထို့ကြောင့်လည်း ဆိုင်အလုပ်တွေကူလုပ်ပေးပြီးမှ မေမေ့ကိုပြောကာလိုက်လာခဲ့ရတော့သည်။ ဆိုင်ကယ်ခရီးတစ်ထောက်စီးပြီး ရှင်မင်းမြတ်အိမ်ရောက်တာနဲ့သူလည်း ဧည့်ခန်းကဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်ရင်းအမောဖြေနေမိသည်။

ရုတ်တရက် ဘယ်ဘက်ပါးဆီသို့ထိကပ်လာတဲ့အအေးဒဏ်ကြောင့်မျက်စိကိုဖွင့်ကြည့်မိတော့ လိမ္မော်ရည်တစ်ခွက်ကိုင်ထားရင်း သူ့အားကြည့်နေလေသောညှို့မျက်ဝန်းတို့ရဲ့ပိုင်ရှင် ၊ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပြီး သေချာပြင်ထိုင်လိုက်တော့

* ဟိုဘက်တိုး * ဆိုတဲ့အသံနဲ့အတူ သူ့နံဘေးလာထိုင်သောသူ။

" မောင် ... "
ထွက်ပေါ်လာတဲ့အသံမှာခက်ထန်ခြင်းတို့ မပါရှိ ၊
နူးညံ့စွာအကြားအာရုံတို့ဆီရိုက်ခတ်လာ‌လေတဲ့ထိုအသံသည်ထပ်ခါထပ်ခါနားထောင်ချင်ရလောက်အောင် စွဲမက်မှုကိုပေးသည်။

" အွန်း "

" မေသဲနဲ့က ဘယ်လိုအခြေအနေလဲ "
လိမ္မော်ရည်အေးအေးကိုအရသာရှိရှိသောက်သုံးနေရင်း ထိုသူရဲ့အမေးစကားကိုနားထောင်နေမိသည် ။

" ဘာဖြစ်လို့လဲ "
ထိုသူ မျက်မှောင်တစ်ချက်ကြုတ်သွားလေပြီး

" မောင်ငါ့နဲ့အပျော်တွဲနေတာလားလို့လေ "
ရှိုင်း ခပ်အုပ်အုပ်ရယ်လိုက်မိသည်။

" ဒါဆို မင်းကော ငါ့ကိုအပျော်တွဲနေတာလား "

" ဟာ...ဘယ်ကသာ မောင်ရာ...ငါမင်းကိုဒီလောက်ချစ်တာ ငါ့ဒီတစ်ဘဝလုံးမောင့်အနားမှာပဲနေမှာ ပြောရင်းဆိုရင်း ခုတောင်တစ်ခါထဲယူလိုက်ချင်ပြီ "

ဒီတစ်ယောက်တော့ရှိုင်းတကယ်ကြီးရယ်မိတော့သည်။ဒီအတတ်ပတတ်လေးကို သူသိပ်ကိုမှအူယားလွန်းလှပါသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now