Unicode
ရှင်မင်းမြတ်သူ့အား မျက်နှာချိုသွေးနေသော်ငြား သူကတော့အရေးမလုပ်ခဲ့။
ရှင်မင်းမြတ်ရဲ့ တောင်ဘက်မလှမ်းမကမ်းတွင် ဟင်းအိုးပြင်နေသော အန်တီဝင်း ဆီသို့ လျှောက်သွားလိုက်သည်။"အန်တီဝင်း ဘာဟင်းအိုးပြင်နေတာလဲ "
ဦးကျော်နှင့်အန်တီဝင်းမှာ ဇနီးမောင်နှံများဖြစ်ကြပြီး ရှိုင်းမြတ်တို့နှင့်အိမ်နီးနားချင်းများလည်းဖြစ်ကြသည်။ ဦးကျော်ရဲ့ နာမည်အရင်းမှာ ဦးကျော်စွာ ဖြစ်ပြီး အန်တီဝင်းရဲ့ နာမည်ကတော့ မဝင်းမာ။
ဇနီးမောင်နှံ နှစ်ယောက်လုံး ရှိုင်းမြတ် တို့ရဲ့အိမ်ဆိုင်လေးမှာ အလုပ်လာလုပ်နေကြပြီး မိသားစုလိုခင်မင်ရင်းနှီးကြသူများလည်းဖြစ်ပေသည်။ သူတို့နှစ်ယောက်အပြင် စားပွဲထိုးကောင်လေးနှစ်ယောက်ကိုပါ ယခုရက်တွေအတွင်းထပ်မံခေါ်ယူထားရသည်။" ဪ အရှေ့မှာ ငါးဖယ်ဟင်းသိပ်မကျန်တော့လို့လေ။ ခရမ်းချည်သီးလေးနဲ့ရောချက်လေးချက်မို့ ...."
" အော်...အဲ့တာဆို ကျွန်တော် ဆိုင်ထဲကိုသွားကူလိုက်တော့မယ် ဘာမှလုပ်စရာမရှိတော့ဘူးမလား "
" အင်း မရှိတော့ပါဘူး။ ထမင်းအိုးလေးတည်ထားတာကျက်ရင် မဝင်း လှမ်းပြောမယ်လေ။ သူငယ်ချင်းကိုသာ ဧည့်ခံလိုက်ပါအုံး..."
" ရတယ်..သူ့ဘာသာနေလိမ့်မယ် ။ကျွန်တော်လည်း သူ့ကိုဧည့်ဝတ်ပြုနေရအောင် အားမနေဘူး "
သူတို့နှစ်ယောက် စကားပြောနေတာကို လှမ်းကြည့်နေတဲ့ ရှင်မင်းမြတ်ရဲ့မျက်နှာကို တည့်တည့်ကြည့်ရင်း ပြောလိုက်တော့ ရှင်မင်းမြတ် နှုတ်ခမ်းကိုထော်ကာ မျက်နှာလွှဲလိုက်ပြီး " အိုးးး " ဟုမျက်နှာငယ်လေးလုပ်ကာ အသံပြုလိုက်လေသည်။
ထို့နောက်ဆိုင်အတွင်းဘက်သို့ဝင်သွားသော ရှိုင်းမြတ်ကိုကြည့်ရင်း
ရှင်မင်းမြတ်သည်တော့ ကိုယ်ပျောက်လူသားတစ်ယောက်အလားခံစားမိနေလေတော့သည်။" နှစ်ယောက်သား ရန်ဖြစ်ထားကြတာလား "
အခြေအနေကို အရိပ်အကဲခပ်မြန်လွန်းလှတဲ့ အန်တီဝင်းက ရှင်မင်းမြတ်ကို ကြည့်ရင်းပြောလိုက်တော့
YOU ARE READING
ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]
Teen Fictionချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇုန်ထဲမည်သို့ခိုဝင်နိုင်ပါအံ့နည်း။သို့သော်တစ်စုံတစ်ယောက်ရောက်ရှိလာသောအခါ........ ခစြျခွငျးရဲ့ကြော့ကှငျးအောကျမှာ ဒဏျရာဒဏျခကြျတှအေပွည့ျရှိခဲ့တ...