Unicode+ Zawgyi
ရှည်လျားလွန်းတဲ့ညတာတစ်လျှောက် ယစ်မူးခဲ့ရခြင်းတွေနဲ့အတူ ဘေးနားမှာအိပ်မောကျနေလေတဲ့ထိုကောင်လေးကိုရှင်မင်းမြတ် ရွှန်းလဲ့နေသောမျက်ဝန်းအစုံဖြင့်ငေးမောကြည့်နေသည်။ နှစ်ခြိုက်စွာအိပ်မောကျနေသူရဲ့ နှုတ်ခမ်းပါးတို့ကို အနမ်းပေးလိုက် ခပ်စိပ်စိပ်မျက်တောင်တို့ကိုအနမ်းပေးလိုက်နဲ့ ကျေနပ်နေတဲ့ရှင်မင်းမြတ်ရဲ့နှုတ်ခမ်းပါးအစုံသည်ပျော်ရွှင်ခြင်းနှင့်အတူ ညွှတ်ကွေးနေသည်။ ချစ်ရသူရဲ့မျက်နှာကိုတွင်တွင်ငေးကြည့်နေရင်း အတွေးတို့ကအတိတ်ဆီသို့ ဦးတည်သည်။
ငြိမ်သက်နေတဲ့ကန်ရေပြင်မှာ ခရမ်းရောင်ဗေဒါပန်းတို့က ကန်ရေပြင်ရဲ့ဧရိယာအတော်များများကိုလှလှပပအုပ်မိုးထားသည်။ ထိုကန်ရေပြင်ကိုအဖော်ပြုကာပေါက်ရောက်နေတဲ့ ကုက္ကိုပင်ကြီးတစ်ပင်ရဲ့အောက် ခုံတန်းလျားလေးပေါ်မှာတော့ ကလေးငယ်လေးတစ်ယောက်။
တစ်ပေါက်ပေါက်စီးကျနေတဲ့မျက်ရည်စတွေနဲ့ မြေပြင်ကိုသာနစ်ဝင်မတက် စိုက်ကြည့်နေရင်း မျက်ရည်အပြည့်ဖြစ်နေတဲ့ထိုမျက်ဝန်းအိမ်မှတဆင့် မြင်လိုက်ရတဲ့ခြေထောက်ဖွေးဖွေးလေးတစ်စုံ။ နက်ပြာရောင်ကတီပါဖိနပ်လေးနဲ့ ထိုခြေထောက်သေးသေးလေး။ သူခေါင်းမော့ကြည့်လိုက်တော့ အနီရောင်ယောပုဆိုးနဲ့လည်ကတုံးအဖြူလေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့မျက်နှာချင်းဆိုင်အိမ်ကကောင်လေး။
ထိုကောင်လေး သူ့ဘေးနားဝင်ထိုင်ပြီး လက်ထဲမှာပါလာတဲ့ချိုချဉ်လုံးလေးတွေကို ကမ်းပေးသည်။
" စားလိုက် "
တချုံချုံငိုနေတဲ့ကောင်လေးလည်း ရှိုက်သံတချို့နှင့်အတူ ကမ်းပေးလာတဲ့ချိုချဉ်လုံးလေးတွေကိုလှမ်းယူသည်။
" ချိုလား "
သူခေါင်းငြိမ့်ပြတော့ ထိုမျက်နှာချင်းဆိုင်အိမ်ကကောင်လေး သဘောကျစွာရယ်သည်။
" ငါ ဘယ်လိုနှစ်သိမ့်ပေးမှ မင်းအငိုတိတ်မလဲမသိဘူး ... ဒီအတိုင်းပဲ အားရပါးရငိုပစ်လိုက်တော့....မင်းမေမေလည်းပြန်ရှင်လာမှာမှမဟုတ်တာ "
YOU ARE READING
ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]
Teen Fictionချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇုန်ထဲမည်သို့ခိုဝင်နိုင်ပါအံ့နည်း။သို့သော်တစ်စုံတစ်ယောက်ရောက်ရှိလာသောအခါ........ ခစြျခွငျးရဲ့ကြော့ကှငျးအောကျမှာ ဒဏျရာဒဏျခကြျတှအေပွည့ျရှိခဲ့တ...