အပိုင်း ၂၁ [ Unicode+Zawgyi]

808 31 0
                                    

Unicode

ရှိုင်းမြတ်ရေချိုးခန်းထဲဝင်နေတုန်း ရှင်မင်းမြတ် အဝတ်အစားတွေကိုဟိုရှာဒီရှာလုပ်နေလိုက်သည်။ ပြီးနောက် ဗီရိုထဲမှချိတ်နဲ့ချိတ်ထား‌သောတီရှပ်အဖြူရောင်လက်ပွနဲ့ ဂျင်းသားဘောင်းဘီအညိုရောင်ကိုဆွဲထုတ်လိုက်ပြီး အိပ်ရာပေါ် အပြန့်လိုက်တင်ထားပေးလိုက်သည်။
ပြီးနောက် အောက်ထပ်သို့ဆင်းကာ မီးဖိုခန်းထဲဝင်၍ကော်ဖီပူပူလေးတစ်ခွက်ဖျော်ကာအိပ်ပေါ်ထပ်အခန်းထဲသို့ ပြန်တက်လာခဲ့သည်။
အခန်းထဲကိုရောက်တော့ ရှိုင်းမြတ် အဝတ်အစားလဲပြီးနေပြီးဖြစ်လေသည်။ ခေါင်းပေါ်မှာတော့ တပတ်အဖြူလေးတစ်ထည်ကိုတင်ထားကာ ရေစိုလာတဲ့ဆံပင်တွေကိုခပ်ကြမ်းကြမ်း‌လေးသုတ်နေလိုက်သည်။ ရှင်မင်းမြတ်လည်း အသင့်ဖျော်လာတဲ့ကော်ဖီခွက်ကို ရှိုင်းမြတ်ဆီသို့ကမ်းပေးလိုက်ပြီး ထိုသူရဲ့လက်ထဲမှ တပတ်အဖြူ‌လေးကိုဆွဲယူလိုက်သည်။ ပြီးနောက်စိုစွတ်နေသောထိုသူရဲ့ဆံနွယ်လေးများကိုအသာအယာသုတ်ပေးနေလိုက်သည်။

" နောက်တစ်ခါ မိုးရွာရင် မိုးမိခံပြီးပြန်မလာနဲ့။ ကလေးမဟုတ်သူငယ်မဟုတ်နဲ့ ။"

" အေးပါကွာ ဒီနေ့က မိုးက ရပ်မဲ့ပုံမပေါ်လို့။ နည်းနည်းလေးပါးတုန်း ပြန်လာလိုက်တာ "

" ပြီးရင် ဆေးသောက်အုံး။ ဆေးသွားယူလာ ပေးမယ် "

" အင်း "
သူအတော်အတန်ကြာရှိုင်းမြတ်ရဲ့ခေါင်းအား ရေပြောင်‌အောင်သုတ်ပေးနေလိုက်သည်။ ထို့နောက်ခဏအကြာ ဖုန်းကောလ်တစ်ခုဝင်လာသောကြောင့် ကောက်ယူကြည့်လိုက်တော့နံပါတ်စိမ်းတစ်ခု။

" ဟဲလို "

"  ကိုကိုလား။ ပုလဲ ပါ "

ပုလဲမှာ ဖေဖေပြောတဲ့ဦးဇေယျာဝင်းမောင်ရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ။ ထိုမိန်းကလေးနှင့်သူသည် ငယ်ရွယ်စဉ်ကလေးဘဝကသာတွေ့ဆုံခဲ့ဘူးလေသည်။ ထိုအချိန်ကလည်းမှတ်မှတ်ရရ သူမ မေမေရဲ့‌နာရေးမှာ သူဖေဖေနဲ့လိုက်သွားရာမှ တွေ့ဆုံခဲ့ကြခြင်းဖြစ်လေသည်။ နောက်ရက်တွေမှာတော့ ပုလဲကသူ့အိမ်ကိုလာပြီး သူနဲ့အတူကလေးသဘာဝဆော့ကစားခဲ့ကြဘူးသည်။ ပုလဲမှာ သူ့အောက် တစ်နှစ်လောက်သာငယ်ပေလိမ့်မည်။ ယခု‌နှစ်ယောက်သားအရွယ်ရောက်လာသောအခါတွင်တော့ မိဘချင်း နှစ်ဦးသဘောတူထားတယ်တဲ့လား။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now