အပိုင်း ၂၇ [ Unicode+Zawgyi]

864 23 0
                                    

Unicode

ဇွန်လရဲ့မိုးသက်ကို အလင်းတို့ရဲ့သခင်နေမင်းကြီးရဲ့အပူချိန်တို့ကဖုံးလွှမ်းထားလေသည် ။
တရုတ်စကားပန်းဖြူတွေဝေဝေဆာဆာပွင့်နေတဲ့တရုတ်စကားပန်းအပင်ကြီးရဲ့အောက် ထိုင်ခုံတစ်လုံးပေါ်မှာတော့ မေသဲညှာ ရေကန်ဘက်ကိုကြည့်ရင်းဆောက်တည်ရာမရဖြစ်နေလေသည်။သူမ၏မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုများကအထင်းသား။

" မေသဲညှာ "

သူမရဲ့နာမည်ကိုခေါ်သံကြားကာမှ မေသဲညှာ
ဆက်ကနဲပြန်လှည့်ကြည့်လိုက်ပြီး စောင့်မျှော်နေသောထိုသူကိုမြင်လိုက်ရသည်နှင့် သူမရဲ့မျက်နှာမှာရှက်ပြုံးလေးတစ်ခုကရိပ်ကနဲ။
°°°°°°°°°°°°°°°°°

မနက်ခင်းအတန်းချိန်နှစ်ချိန်ပြီးဆုံးတော့ ချမ်းမင်းနှင့်သူရကန်တင်းကိုပြန်ထွက်လာခဲ့ပြန်သည်။ ရှိုင်းမြတ်သည်တော့ အတန်းချိန်နှစ်ချိန်လုံးပေါ်လာတော်မမူခဲ့။ သူတို့ကန်တင်းကိုရောက်ပြီး အသီးသီးမှာစရာရှိတာတွေမှာပြီးသောအခါတွင်မှ နေပူထဲမှတရိပ်ရိပ်နှင့်သူတို့ဝိုင်းဆီလာနေသော‌မောင်မင်းကြီးသားကိုတွေ့ရတော့သည်။ ရှိုင်းမြတ်တစ်ယောက်သည်လည်းရင်ထဲတွင်စိုးထိတ်မိနေသည်။သူလုပ်ခဲ့‌သောလုပ်ရပ်သည်မှန်သည်လားမှားသည်လားမသိတော့။သူသိသည်က ရှင်မင်းမြတ် သူ့ကိုသူငယ်ချင်းတစ်ယောက်ထက်ပိုမတွေးတော့‌စေရန်ဖြစ်‌လေသည်။ မေသဲညှာနဲ့စကားပြောပြီးတော့ မနက်ပိုင်းအတန်းချိန်ပြီးဆုံးခါနီးဖြစ်၍ကန်ဘောင်၌သာအချိန်ဖြုန်းနေခဲ့သည်။အတန်း‌ဆင်းချိန်လောက်မှသာ ချမ်းမင်းတို့ကန်တင်းဘက်သွားသည်ကိုတွေ့လိုက်ရ၍လိုက်လာခဲ့လိုက်သည်။ဆိုင်ရဲ့အရှေ့လမ်းပေါ်ရောက်မှ ချမ်းမင်းတို့ဝိုင်းမှာသူရှိရာနေရာကိုကျောပေးကာထိုင်နေသောထိုသူကို သူသတိထားမိလိုက်သည်။ ရှင်မင်းမြတ်နှင့်မျက်နှာချင်းဆိုင်ဖို့ကိုသူအတော်ဝန်လေးနေမိသည်။ ဆိုင်ရှေ့ရောက်မှ တပ်ပြန်ဆုတ်ရန်‌ခြေလှမ်းပြင်လိုက်တော့ ဆိုင်ထဲမှကျေးဇူးရှင်ချမ်းမင်းက သူ့အားအာပြဲကြီးနှင့်လှမ်း‌ခေါ်လိုက်ရာ လှမ်း‌နေဆဲခြေလှမ်းတို့က
တုန့်ခနဲရပ်တန့်သွားရ‌တော့သည်။ တက္ကသိုလ်ကျောင်းသားသာဆိုသည် ပတ်ဝန်းကျင်လည်းဂရုမစိုက်၊ အာပေါင်အာရင်းသန်သောဒီကောင့်ကို ဈေးသည်လုပ်စားစေချင်မိသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now