☕မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၅)
(🔞🚨ကြိုပြောပါတယ်နော် ...15+)
"ကိုယ်ငယ်လေးကိုပြောစရာရှိတယ် ..."
"အင်း ပြောလေ "
"ကိုယ် ကိုယ်ငယ်လေးကိုချစ်တယ် ..."
"အင်း ငယ်လေးလဲ အိုပါးကို ချစ်တယ်လေ ..."
"ဟင် ..."
သူ့ရင်တွေ အဆမတန်ခုန်လှုပ်လာခဲ့ရသည် ...
"ဟုတ်တယ်လေ အိုပါးကလဲ ဘယ်မောင်နှမတွေက မချစ်ကြလို့လဲ ..."
"ဘယ်လို ...မောင် မောင်နှမ "
ကိုယ်ကသာ သူမလေးကို သူများဆီပါသွားမှာကြောက်တာကြောင့် အရဲစွန့်ပြီး ဖွင့်ပြောလိုက်ပေမယ့် သူမလေးကတော့ မောင်နှမတဲ့လား ... ကိုယ်မှ မောက်နှမ မဖြစ်ချင်တာ ကိုယ်ကမင်းကို ကိုယ့်အပိုင်ပဲ ဖြစ်စေချင်တာလေ ...တကယ့်ကို အဖြူထည်လေးပါလား ... သူကသာအရောင်တွေ ဆိုးနေမိတာပါ ...ဒါပေမယ့် သူဆိုးလိုက်တဲ့ အရောင်တွေကလဲ သိပ်ကိုလှပတဲ့ ချစ်ခြင်းဆိုတဲ့ အရောင်တွေပါ ...
"အင်းလေ စားမယ် ငယ်ဗိုက်ဆာနေပြီ ..."
ဒီလိုနဲ့ပဲ 9ရဲ့ ဖွင့်ပြောခြင်းက စတောင်မစရသေးပဲ အပိုင်း ၁နဲ့ ဇာတ်သိမ်းသွားခဲ့တော့တယ် ...
သူတို့စားနေကြတုန်း ဖြူက သူတိ့ဝိုင်းနားဝင်ထိုင်လာခဲ့သည် ...
"ယောင်းမလေး ..."
"ဟင် ဟင် နင်ကလည်း အဲ့လိုမခေါ်ပါနဲ့ဆို ..."
"ဟီးဟီး ယောင်မလေးကလဲ ကိုရှိုင်း က နင့်ကိုတအားကြွေနေတာဟ "
အလိုက်ကမ်းဆိုး မသိ ပြောနေတဲ့ ဖြူ့ကြောင့် 9စိတ်တွေတိုလာကာ မျက်မှောင်တွေကြုံ့ပြီး လက်သီးဆုပ်ထားမိသည် ...
"စားပြီးပြီလား ပြီးရင် သွားမယ်လေ ..."
"အင်း ...အိုပါး ငယ် ဖြူနဲ့ပဲ လိုက်သွားတော့မယ်နော် လိုက်မပို့တော့နဲ့ ..."
"အင်း "
"နင့်အကိုက ချောလိုက်တာ မိုးစက်ရယ် ငါ့မှာသာလေ ကောင်လေးမရှိရင် နင့်အကိုကိုကြိုက်မိမှာ သိလား ..."
"အမလေး ငါတို့ အိုပါးကလေ ကောင်မလေးတွေဆို တအားချေတာသိလား ..."
YOU ARE READING
☕ မင်းက ကိုယ့်အပိုင် ☕
Romance☕ မင်းက ကိုယ့်အပိုင် ☕ 🚨🔞 9(နိုင်း) 🖤🖤 ငယ်လေး...ငယ်လေးက ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်ပေမယ့် ... ကိုယ်ကတော့ အဲ့လိုမဖြစ်ချင်ဘူး ကိုယ်ငယ်လေးကိုချစ်တယ်...ငယ်လေး တခြားတစ်ယောက်ကိုချစ်နေတာကို ကိုယ်လုံးဝလက်မခံနိုင်ဘူး...ငယ်လေးက ကိုယ့်အပိုင်ပဲ ... မိုးစ...
