အပိုင်း (၁၁)

12.9K 133 0
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၁)
(🚨🚨🚨)

ဒီနေ့က သူနှင့် ငယ်တို့ လက်မှတ်ထိုးမယ့်နေ့ပင် ...
ငယ့်ဆန္ဒအတိုင်း မဂ်လာပွဲကိုတော့ မလုပ်တော့ပဲ အိမ်မှာ လူကြီးတွေ ခေါ်ပြီးသာ အကျဉ်းရုံ‌းလေးလုပ်လိုက်သည် ... ဘုန်းကြီးကျောင်းမှာလဲ ‌ဆွမ်းနဲ့ ဝတ္ထုငွေ သွားကပ်လိုက်လေသည် ...

"သားတို့က ခု ဘယ်မှာနေဖို့စီစဉ်ထားလဲ ကွဲ့ ... မေမေတို့နဲ့ပဲ ‌ဆက်နေမှာလား "
လက်ထပ်ပြီးကြပြီမို့ သူတို့ရဲ့ ဆန္ဒကို မိုးစက်မေမေက မေးလိုက်လေသည် ...

"ကျွန်တော် အိမ်နဲ့ခြံ စီစဉ်ပြီးပါပြီဗျ အန်တီတို့နဲ့လဲ မဝေးပါဘူး "
သူ သူမနဲ့ လက်မထပ်ခင်ကတည်းက သူစိတ်တိုင်းကျ ခြံလေးဝယ်ပြီး အိမ်လေးကို ပြုပြင်ထားလေသည် ... နှစ်ထပ်တိုက်လေးကိုမှ အတွင်းခန်းတွေကလဲ ရှုပ်ရှက်ခတ်မနေပဲ ရှင်းရှင်းလေးနဲ့ မျက်လုံးအေးစေမယ့် အရောင်လေးတွေ ရွေးဆင်ထားလေသည် ...

"အော် အေးပါကွယ် ..."

သူမလေးကတော့ ဘာမှ ဝင်မပြောပေ ... အဲ့မှာ သွားနေတာလဲ အဆင်တော့ပြေပါသည် ... တကယ်လို့ ဒီအိမ်မှာဆို သူနဲ့အဆင်မပြေရင် မေမေတို့က သူမကိုသာ ပြောမှာအမှန် ...

"အေးအေး မေမေတို့ဆီလည်း မကြာမကြာ လာလာလည်ကြပေါ့ကွယ် ... သမီးလေးကလဲ အရင်လို သားကို မဆိုးတော့နဲ့နော် ..."

"ဟုတ်"

"ဖေဖေကတော့ ဘာမှသိပ်မပြောလိုပါဘူးကွယ် ... သားနဲ့သမီး သင့်သင့်မြတ်မြတ်နေကြရင် အဆင်ပြေပါပြီ ..."

"ဟုတ် စိတ်ချပါဗျ ...  ငယ့်က ကျွန်တော် ကိုယ်တိုင် ချစ်လို့ လက်ထပ်ယူထားတဲ့ မိန်းကလေးပါ ... သူ့ကို စိတ်ချမ်းသာအောင်ထားမှာပါ ... လင့်ဝတ္တရားကျေပွန်အောင်လဲ ကျွန်တော်ကြိုးစားမှာပါ ..."
သူမလေး မျက်နှာလေးကို အပြုံးလေးနဲ့ကြည့်ကာ ကတိစကားဆိုလိုက်သည် ...

"ကြားတယ်နော် သမီး ... သမီးကလဲ မယားဝတ္တရားကျေပွန်ရမယ် ... အရင်လို ကလေးလုပ်လို့မရတော့ဘူး ... ဟုတ်ပြီလား "

"ဟုတ်ကဲ့ပါ မေမေရဲ့ "

"ကဲ ဟုတ်ပါပြီကွယ် ... ခုက လူတွေပဲ အရင်ပြောင်းကြမှာမလား ပစ္စည်းတွေက မနက်ဖြန်မှဖြစ်ဖြစ်သယ်ကြလေ ..."

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora